Preview

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မောင်တော ဂြစ်ချောင်းကျေးရွာမှ ခုနှစ်တန်းကျောင်းသားတစ်ဦးထပ်မံသေဆုံး

နိုဝင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :3511
ရခိုင် သတင်း
နိရဉ္စရာ၊နိုဝင်ဘာ ၁၈/၂၀၂၂

မောင်တောမြို့နယ် ဂြစ်ချောင်းမြိုကျေးရွာမှ  လက်ကြီးကျည်ထိမှန်ခဲ့သည့် ဒဏ်ရာ၇သူများအထဲကနောက်ထပ် ခုနှစ်ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သဖြင့် ယနေ့ထိ သေဆုံးသူ (၁၂) ဦးရှိသွားပြီးကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူမှာခုနှစ်တန်းကျောင်းသား မောင်ငွေပိုင် (၁၆)နှစ်ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၈ ရက် ညည့်တစ်နာရီခွဲခန့်ကစစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း ၎င်းအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

"ညည့်တစ်နာရီခွဲမှာသေဆုံးသွားပါတယ်။သူကခန္ဓာတစ်ခုလုံး ဒဏ်ရာ၇ထားတာပါ။ မနေ့က ဒီကိုလာတုန်းကလည်းသတိတောင်မ၇ပါဘူး။အစ်ကို လူနာစောင့်နဲ့ အတူ  မနေ့က တစ်နာရီခွဲလောက်ကစစ်တွေဆေးရုံကိုရောက်ပါတယ် ဒီနေ့ မနက် အစောကြီးဆုံးသွားပါပြီ" ဟုပြောသည်။

သူ့အား ယနေ့တွင်စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုဿန်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိ၇သည်။

မောင်တောမြို့နယ်တွင်မြိုလူမျိုးများနေထိုင်သည့် ဂြစ်ချောင်းကျေးရွာသို့ အနီးအနားရှိ ကြိမ်ချောင်း နယ်ခြားစောင့်တပ် နခခ(၇) ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်၍ဒဏ်ရာရခဲ့သည့် လူဦးရေ ၂၀ ကျော်အထဲက ခုနှစ်တန်းကျောင်းသားတစ်ဦးဖြစ်သူ မောင်ငွေပိုင် ထပ်မံ သေဆုံးသွားခဲ့ပြီးနောက်ထပ် ခုနှစ်တန်းကျောင်းသား မောင်အီးယောင် (၁၅)နှစ်သည်လည်းစစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည်ဟု သိ၇သည်။  

ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်၊ စစ်ကောင်စီတပ် ကြိမ်ချောင်း နခခ (၇)မှ လက်နက်ကြီး ဖြင့် ဂြစ်ချောင်းမြိုရွာထဲသို့ ပစ်ခတ်မှုကြောင့် ၀ နှစ်အောက်ကလေးငယ် သုံးဦးအပါအဝင်ဒေသခံ ၁၁ ဦးသေဆုံးသွားခဲ့ပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

အဆိုပါကျေးရွာမှလက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများသည် မောင်တောမြို့ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး မောင်တောကြိမ်ချောင်းဗျူဟာမှတာဝန်ရှိသူများသည် ဂြစ်ချောင်းရွာသားများနှင့် ယမန်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါပစ်ခတ်မှု၎င်းတို့လက်ချက်မဟုတ်ဘဲ AAမှပစ်ခတ်မှုဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာ ၇သူများကိုလည်း ဆန်နှင့်ငွေကျပ် ၅ သိန်းစီထောက်ပံ့ပေးခဲ့ကြောင်းသိ၇သည်။

သို့သော်လည်း ဒေသခံပြည်သူများအနေဖြင့် ၎င်းလက်နက်ကြီးကျည်မှာကြိမ်ချောင်း နခခ(ရ) က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တစ်ညီတစ်ညွှတ်တည်းပြောဆိုကြပြီး စစ်ကောင်စီတပ်၏ပြောဆိုမှုအပေါ် မယုံကြည်ကြဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။ (NN-8)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.