Preview

အကျဉ်းကျနေသည့် AA တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီက လွှတ်ပေးခြင်းအပေါ် သတိထားစောင့်ကြည့်နေဟု AA ပြောခွင့်ရသူဆို

နိုဝင်ဘာ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :7294
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၉/၂၀၂၂

ရက္ခိုင့်တပ်တော်(AA )မှ အကျဉ်းကျနေသည့် တပ်ဖွဲ့ဝင်အထဲက ၁၇ ဦးနှင့် ပြစ်မှုဆိုင်ရာ အမှုရင်ဆိုင်နေ၇သူ ၁ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက အမိန့် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်ပေါ်တိုးတက်မှုအခြေအနေအပေါ် သတိထားစောင့်ကြည့်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်၇ ဦးခိုင်သုခက ပြောသည်။

"စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ ကျနော်တို့လည်း သိပါတယ်။ လွတ်လာရင်တော့ ကောင်းတာပေါ့။ ဒီကိစ္စ အမှန်တကယ် လွတ်လာတာ ဟုတ်မဟုတ်ကို ကျနော်တို့လည်း စိစစ်နေပါတယ်။ အခုချိန်ထိ လွတ်လာတယ်လို့ ပြောတဲ့လူတွေထဲက တစ်စုံတစ်ယောက်မှ ULA ဌာနချုပ်ကို ဆက်သွယ်လာတာမျိုး မရှိသေးဘူးဗျ" ဟု ယနေ့နံနက်က နိရဉ္စရာသတင်းဌာနသို့ပြောဆိုသည်။

စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော် (AA) က ၁၈ ဦး ပါဝင်သော်လည်း လွတ်မြောက် လာသူများထဲမှတစ်စုံတစ်ယောက်ကမှ ULA ဌာနချုပ်ကို ဆက်သွယ်လာခြင်း မရှိသေးသဖြင့် သတိထားစောင့်နေခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု၍ဟုဆိုကာ ရက္ခိုင့်တပ်တော် (AA) မှ အကျဉ်းကျနေသည့် AA တပ်ဖွဲ့ဝင် ၁၇ ဦးနှင့်  အမှုရင်ဆိုင်နေ၇သူ တစ်ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ () အ၇ လွတ်ငြိမ်းခွင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

"အခုလက်ရှိအခြေအနေမှာ ၇ခိုင်ပြည်မှာလည်း ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ရင်ဆိုင်နေ၇တဲ့အချိန် ဖြစ်ပါတယ်။ အဓိက လက်ရှိအခြေအနေမှာ ပြည်သူတွေရဲ့ဒုက္ခတွေကို ပိုပြီးတော့မှ ကျွန်တော်တို့က အာရုံစိုက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဖြစ်ပေါ်တိုးတက်မှုနဲ့ပဲဖြစ်ဖြစ် ဘယ်လို ဖြစ်ပေါ်တိုးတက်မှုကိုမဆို သတိထားပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်"ဟု ပြောသည်။ 

ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းသာသော်လည်း ဥပဒေကို လိုသလိုအသုံးချနေသည့် စစ်ကောင်စီအနေနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေသဖြင့်  ယခုလုပ်ရပ်အပေါ် ရေပေါ်ဆီလုပ်ရပ် အဖြစ်သာရှုမြင်ကြောင်း အမည်မဖော်လိုသူ ၇ခိုင်က လူမှုရေး လှုပ်ရှားသူ တစ်ဦးကလည်း ပြောဆိုသည်။ (NN-7)



#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.