Preview

၅၅၀ တပ်ရင်းက ပစ်သည့်လက်နက်ကြီးကျည် ပုဏ္ဏားကျွန်းရေဖြူကန်ရွာထဲကျရောက်ပေါက်ကွဲ၍ ရွာသား ၁ ဦးဒဏ်ရာရပြီးတစ်ရွာလုံးထွက်ပြေးကြရ

နိုဝင်ဘာ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :8328
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၁၉/၂၀၂၂


ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ကပစ်လိုက်သည့် လက်နက်ကြီးကျည် ရေဖြူကန်ရွာထဲသို့ ကျရောက်ပေါက်ကွဲ၍ ရွာသား ၁ ဦးအနည်းငယ် ဒဏ်ရာ၇သွားကြောင်း ဒေသခံများကပြောသည်။


ယနေ့ နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၅၅၀ တပ်ကပစ်သည့် လက်နက်ကြီးကျည် ၃ လုံးသည် ရွာထဲသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။


"ရွာသားတစ်ယောက်မှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာနည်းနည်းရသွားတယ်။ အခု ဆေးရုံသွားကြပြီ။ အိမ်တချို့ပျက်စီးသွားတယ် "ဟု ပြောသည်။ထိခိုက်မှုရရှိသွားသူမှာ ဦးအေးထွန်းဝင်း (၃၃)နှစ်ဖြစ်ပြီး ခေါင်းတွင် အနည်းငယ်ထိခိုက်သွားသည်ဟု ဆိုသည်။


ယင်းအပြင် ရွာထဲရှိ ဦးမောင်သိန်းရွှေနှင့် ဦးလှမောင်သန်းတို့၏ နေအိမ်တို့လည်း ပျက်စီးသွားကြောင်း သိ၇သည်။


လက်ရှိတွင် ရေဖြူကန်တစ်ရွာလုံး ကြောက်လန့်ထွက်ပြေးနေရသည်ဟုလည်း ရွာသားများက ပြောသည်။


ရေဖြူကန်ရွာသည် ပုဏ္ဏားကျွန်းမြို့နှင့် ၅၅၀ တပ်အနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးရှိ ရေဖြူကန်စစ်ဘေးရှောင်စခန်း၏ ချောင်းတစ်ဘက်ကမ်းတွင်တည်ရှိသည့်ရွာဟုလည်း သိ၇သည်။


ဓာတ်ပုံ- ပုံဟောင်း

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.