နိရဉ္စရာ၊ နိုဝင်ဘာ ၁၉/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၈ ရက်နှင့်ယနေ့ ၁၉ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်း၇မိခဲ့သလို အေအေဘက် တစ်ဦးကျဆုံးကာ ၅ ဦးဒဏ်ရာရရှိကြောင်း ယနေ့ထုတ်ပြန်သည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တပ်မ (ရရ) သည်မိမိတို့ရှိရာ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာတောင်ဖက်မီတာ (၈၀၀) ခန့်အကွာရှိ မိမိတို့ရှိရာနေရာအား ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့်နေ့လယ် (၁၂) နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့် အချိန်မှတိုက်ပွဲပြီးဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီ ရန်သူ့ထိုးစစ်အားအကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မ (ရရ) လက်အောက်ခံ၊ ခမ၇(၁၀၅) တပ်ရင်းသည် ကစဥ့်ကလျားထွက်ပြေးခဲ့ရပြီး မိမိတို့သည် ခမ၇ (၁၀၅) တပ်ရင်းထံမှစစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို သိမ်းဆည်း၇မိခဲ့ကြောင်း၊ ၎င်းတပ်ရ့င်းမှ(၁၀) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်ဟု ဖော်ပြသည်။
၎င်းပြင် ရက္ခိုင့်တပ်တော် အေအေဘက်ကလည်း ဒဏ်ရာရရှိသူ (၅) ဦးရှိခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အာရက္ခစစ်သည်တော် တစ်ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်းစစ်ကောင်စီသည် လက်နက်ကြီးများကို မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ) ၏ တောင်ဖက်ရှိ နခခ(ရ) စခန်း၊ ဝက်ကျိန်းပတ်ဝန်းကျင်ရှိ တပ်မ(ရရ) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁)အထိုင်ချနေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းများမှနေ၍ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးများကို ပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။
ယခင်ရက်များအတွင်းဂျက်တိုက်လေယာဉ်များဖြင့် ဤနေရာအား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်းမိမိတို့အနေဖြင့် အဆိုပါနေရာများကို အကောင်းဆုံး ထိန်းထားနိုင်ဆဲ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ယနေ့တွင် အေအေမှ စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်၊ စကခ(၁၅) တပ်မဌာနချုပ်အား လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထိအခိုက်အကျဆုံးများကိုမသိရသေးသော်လည်း တပ်မဌာနချုပ်အတွင်း၌ ထိမှန်ကျရောက်ခဲ့ကြောင်းဖြင့် ဖော်ပြထားသည်။
စစ်ကောင်စီသည် ၇ခိုင်နှင့် ချင်းပြည်နယ် ပလက်၀ဒေသများသို့စစ်လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်တိုးမြှင့်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါသည်ဟု ဖော်ပြထားသည်။
၎င်းပြင် ပလက်၀ဒေသ၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေ့တိုင်းနီးပါးလာရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် စစ်သုံးဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မိမိတို့အားသာမကအရပ်ဖက်ပြည်သူများအားတိုက်ခိုက်ခြင်းကိုပါ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။