နိရဉ္စရာ၊နိုဝင်ဘာ ၁၉/ ၂၀၂၂
ကျောက်တော်မြို့နယ်တွင်ညဥ့်အချိန် လေယာဥ်တောက်လျှောက်ပျံသန်းပြီးကုလားတန်မြစ် ကြောင်းအတိုင်းဇက်ရေယာဥ်တစ်စီးလည်း တက်လာ၍ ပြည်သူများစိုးရိမ်နေကြရသည်ဟုဒေသခံများမှသိ၇သည်။
ယနေ့နိုဝင်ဘာလ၁၉ရက်၊ ည ၈ နာရီကျော်အချိန်ခန့် လောက်တွင်စစ်တွေဘက်မှ ဇက်ရေယာဥ်တစ်စီးသည် ကုလားတန်မြစ်ကြောင်းအတိုင်းတက်လာပြီးပုဏ္ဏားကျွန်းမြို့နယ်၊ ပလီချောင်းအနီးရှိပိုက်ဆိပ်အနီးတွင် စက်မသတ်ဘဲရပ်တန့်သွား၍ပြည်သူများစိုးရိမ်နေကြ၇သည်ဟု သိ ၇သည်။
"ဒီည၈နာရီကျော်အချိန်လောက်က စစ်တွေဘက်က ဇက်ရေယာဥ်တစ်စီးတက်လာပါတယ်။ ကုလားတန် မြစ်ကြောင်းအတိုင်းတက်လာတာပါ။မီးတွေလည်း ပိတ်ထားတယ်။ စက်အသံတော့ ကြား၇တယ်။ပလီချောင်း ၀၊ပိုက်ဆိပ်နားမရောက်ခင်တော့ စက်မသတ်ဘဲကျောက်ချ ရပ်နားထားတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ဇက်ရေယာဥ်တက်လာ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားတန်မြစ်အနီးရှိကျေးရွာများမှပြည်သူများမှာ စိုးရိမ်မှုများရှိနေပြီး ဗုံးခိုကျင်းများတွင် ဝင်နေကြ၇သည်ဟုလည်းသိ၇သည်။
"စိုးရိမ်တာကတော့ဇက်ရေယာဥ်ပေါ်ကနေ ရွာတွေကို လှမ်းပစ်မလားဆိုပြီးစိုးရိမ်မှုတွေရှိနေတယ်။ ဘာပဲဖြစ်ဖြစ်ရွာနားကို ဇက်ရေယာဥ်ရောက်နေတော့ အရင် လို စိတ်အေးလက်အေးနဲ့နေလို့ မ၇တော့ဘူး။ သူတို့က ပစ်ရင် ရွာထဲကို ပစ်မှာ။ စိုးရိမ်တာ တော့ ပြောစရာမရှိတော့ပါဘူး" ဟုဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင်ကျောက်တော်မြို့နယ်တွင်လည်း ည ၉ နာရီခွဲအချိန်ခန့်လောက်က ပုဏ္ဏားကျွန်းဘက်မှလေယာဥ်တစ်စီးပျံသန်းလာပြီး ကျောက်တော်မြို့ထက်တွင် ဝဲပျံနေ၍ပြည်သူများမှာ စိုးရိမ်နေကြရသည်ဟုသိ၇သည်။
"ည ၉နာရီကျော်လောက်မှာ ကျော်တော်မှာ လေယာဥ်ပျံဝဲနေတယ်။ ပုဏ္ဏားကျွန်းဘက်ကနေတက်လာတာ။ ၁ နာရီနီးပါး ဝဲပျံနေတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းမြို့ ဘက်ကိုပြန်ဆင်းသွားတယ်။ ပြန်တက်လာတယ်နဲ့လုပ် နေတယ်။ ဒေသခံတွေအနေနဲ့ ညအချိန် ဒီလိုလေယာဥ် ပျံဝဲနေတာကို အထိတ်တလန့်နဲ့စိုးရိမ်နေကြ၇ပါတယ်" ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့နိုဝင်ဘာလ၁၉ရက်၊ နေ့လယ် ၃ နာရီခန့်က ပုဏ္ဏားကျွန်းမြို့အခြေစိုက်(၅၅၀) တပ်ရင်းက လက် နက်ကြီးများအဆက်မပြတ် လူနေကျေးရွာများကိုပစ်ခတ်ခဲ့၍ ရေဖြူကန်ကျေးရွာသို့လက်နက်ကြီးကျည်ကျကာလူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။
ယင်းအပြင်ညနေ ၅ နာရီကျော်တွင်တစ်ကြိမ်၊ ည ရ နာရီခန့်က တစ်ကြိမ် ပုဏ္ဏားကျွန်းမြို့အခြေစိုက်(၅၅၀) တပ်ရင်းက ကျောက်ဆိပ်ကျေးရွာဘက်သို့လက် နက်ကြီးများအကြောင်းမဲ့ တမင်တကာပြည်သူလူထုကို ရည်ရွယ်ပစ်ခတ်၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း ဒေသခံများမှသိ၇သည်။ (NN-12)