English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ပုဏ္ဏားကျွန်းတွင် မြို့ခံတစ်ဦးပျောက်ဆုံးနေ
နိုဝင်ဘာ ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :4086
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မြို့ခံတစ်ဦးပျောက်ဆုံးနေသည်ဟု သိ၇သည်။
ပျောက်ဆုံးနေသူမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဝေမောင်သိန်း (၅၂)နှစ် ဖြစ်သည်။
သူသည် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် စံပြရပ်ကွက်ရှိ
နေအိမ်မှ ပုဏ္ဏားကျွန်း-၇သေ့တောင်လမ်းဆုံ
အထိ စစ်တွေ-ရန်ကုန်လမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်သွားရာမှ ယနေ့ နိုဝင်ဘာလ ၂၀ ရက်အထိ နေအိမ်သို့
ပြန်ရောက်မလာတော့ကြောင်း ယောက်ဖဖြစ်သူ ဦးအောင်ကျော်ညွန့်က ပြောသည်။
"သူက အဲဒီလမ်းအတိုင်း အမြဲလမ်းလျှောက်ထွက်နေကျပါ။ အဲဒီနေ့ကလည်း အိမ်ကထွက်တော့ သမီးလေးက ဘယ်သွားတာလဲမေးတော့ လမ်းလျှောက်ထွက်တာလို့ပြောခဲ့
တယ်လို့ သမီးလေးက ပြန်ပြောတယ်။ အဲဒီကနေ ခုထိ ပြန်ရောက်မလာဘဲ ပျောက်နေတယ်"ဟု ပြောသည်။
ပျောက်ဆုံးသွားသူသည် ယခင်က ပဲပလာတာ၊ သကြားပလာတာနှင့် စမူစာစသည့် အကြော်များပြုလုပ်ကာ ရပ်ကွက်ရှိ လိပ်ကုန်းမော်ဈေးငယ်တွင် ရောင်းချခဲ့သူဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲများကြောင့် အလုပ်အကိုင်အဆင်မပြေတော့၍ စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူ
တစ်ဦးဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် သူနှင့် ၂ ရက်ကြာ အဆက်အသွယ်မရ၍ မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိ၇သည်။
သူသည်
ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်သည်။
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.