Preview

ULA/AA ၏ ဆဋ္ဌမအကြိမ်သတင်းစာရှင်းလင်းပွဲ နိုဝင်ဘာ ၂၈ ရက်နေ့ ကျင်းပမည်

နိုဝင်ဘာ ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :4447
ရခိုင် သတင်း


နိရဥ္စရာ၊နိုဝင်ဘာ ၂၀/၂၀၂၂

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ဆဋ္ဌမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ULA/AA က ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကိုယင်းနေ့နံနက် ၁၀ နာရီတွင် ULA/AA ယခင်ကပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများနည်းတူရက္ခိုင်ဘာသာစကားဖြင့်သာ ပြောဆိုရှင်းလင်းသွားမည်ဟုဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လိုသည့်သတင်းထောက်များအနေဖြင့် (https://forms.gle/9FkNHENUvZ9R1sMp9)လင့်ခ်တွင်ဦးစွာ ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီးစာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဟု သိ၇သည်။

သတင်းသမားတစ်ဦးစီကိုကြိုတင်မေးခွန်း (၂) ခု ခန့်သာ မေးမြန်းခွင့်ပြုမည်ဖြစ်ပြီးမေးမြန်းလိုသောမေးခွန်းများကို နိုဝင်ဘာ၂၃ ရက်၊ နံနက် ၉ နာရီနောက်ဆုံးထား၍[email protected]သို့ပေးပို့ရမည်ဟု သိ၇သည်။

ULA/AA ၏သတင်းစာရှင်းလင်းပွဲကိုပြီးခဲ့သည့်မတ်လ ၅ ရက်မှစတင်ကာ ပထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည်ဆဋ္ဌမအကြိမ်မြောက်ဖြစ်သည်။

ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကကိုင်တွယ်ဖြေရှင်းနေရသည့် စစ်ရေး၊နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများနှင့်ပတ်သက်ပြီးသတင်းထောက်များသိလိုသည်များကို ULA/AA ၏ပြောခွင့်၇သူဦးခိုင်သုခက တာဝန်ယူဖြေကြားခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ပဥ္စမအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ၏ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်လည်း ကိုယ်တိုင် ဝင်ရောက်ဖြေဆိုခဲ့သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.