နိရဉ္စရာ၊နိုဝင်ဘာ ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊၇သေ့တောင်မြို့နယ်အနောက်ဘက်၊ မေယုကမ်းစေတီပြင်-ကျောက်ပန်းတူ တောင်ကျော်လမ်းတွင် စခန်းချနေသည့် စစ်ကောင်စီစခန်းအနီးမှ ယနေ့နံက်ကအပြန်အလှန် လက်ငယ်များဖြင့်ပစ်ခတ်သံကို ၁၅ မိနစ်ခန့်ကြားခဲ့၇သည်ဟုဒေသခံများက ပြောကြားသည်။
ယနေ့နိုဝင်ဘာလ၂၀ရက်၊ နံနက် ၉ နာရီ ၁၀မိနစ်အ ချိန်ခန့်တွင် ၇သေ့တောင်မြို့နယ်၊စေတီပြင် ကျေးရွာ နှင့်ကျောက်ပန္ဒူတောင်ကျော်လမ်းကြားရှိ သင်္ကန်းတောင်တွင်တပ်စွဲထားသော စစ်ကောင်စီ အခြေချ တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခဲ့၍တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိအတည်မပြုနိုင်သေးပါ။
တစ်ခြားဒေသဆိုင်ရာ သတင်းတစ်ခုကလည် သင်္ကန်းတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်သားများက မြိုမေယုကျေးရွာအနီး ရိက္ခာလာယူရာတွင် အေအေတပ်ဖွဲ့ကဖြတ်တောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။.
ဒေသခံတစ်ဦးက"သင်္ကန်းတောင်မှာတိုက်ပွဲဖြစ်နေတယ်။ အဲ့ဒီတောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို အေအေက ဝင်တိုက်တယ်လို့ကြား၇ပါတယ်။ လက်နက်ငယ်နဲ့နှစ်ဖက်ပစ်ခတ်သံတွေကို ၁၅မိနစ်လောက်ဆက်တိုက်ကြား၇တယ်။ တိုက်ပွဲဖြစ်တယ်လို့ သိ၇တယ်။ ၁၅ မိနစ်လောက် တရပ်စပ် ပစ်ပြီးတဲ့နောက် ၅မိနစ်ခြားတစ်ကြိမ်၊ ၂မိနစ်ခြားတစ်ကြိမ်ဆက်တိုက်ကြား၇တယ်။အဲသလိုကြားတာနဲ့ဆိုရင် နာရီဝက်နီးပါး လက်နက်ငယ်ပစ်သံတွေကြား၇တယ်"ဟု နိရဉ္စရာကို ပြောသည်။
ထိုသို့လက်နက်ငယ်များပစ်ခတ်သံကြား၇ပြီးနောက် ယင်းနေရာအနီးဝန်းကျင်သို့နံနက်၁၀ နာရီကျော်ဝန်းကျင်လောက်က ရသေ့တောင်အခြေစိုက် ခမ၇(၅၃၆)တပ်မှ လက်နက်ကြီးများဖြင့်ပစ်ကူပေးနေသည်ဟုလည်း သိ၇သည်။
နောက်ထပ် ၇သေ့တောင်မြို့နယ် နယ်ဒေသခံ တစ်ဦးက “ သေနတ်သံ ကြား၇တာကတော့ကျောက်ပန်းတူ-စေတီပြင်ကျော်လမ် သင်္ကန်းတောင်လို့ ခေါ်ကြတဲ့ နေရာဘက်ကနေ ကြား၇တယ်။ အဲ့ဒီဘက်မှာက ကြားရတာ။ ပထမဆုံးလက်နက်ငယ်ဆက်တိုင်းပစ်သံကြား၇တယ်။ ၉နာရီလောက်က နေကြား၇တယ်။ ၁၀ နာရီ လောက်မှာတော့၇သေ့တောင်ကနေ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်သံကြားရတဲ့နေရာကိုလှမ်းပစ်တယ်။ ၃လုံးလောက် လှမ်းပစ်ခဲ့တယ်" ဟု ပြောသည်။
ယင်းအပြင်မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ အုပ်စု၊ မြို့ယုကျေးရွာမှစေတီပြင်ကျေးရွာသို့ ဈေး ဝယ်ရန်ရောက်ရှိလာကြသည့်ဒေသခံများမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့၍ မိမိကျေးရွာသို့ ပြန်ရန်အခက်အခဲ ဖြစ်နေကြသည်ဟုလည်းသိ၇သည်။
"စေတီပြင်ကိုရောက်တာကတိုက်ပွဲဖြစ်နေတုန်းမှာ ရောက်တာပါ။ ရွာကနေပြီးတော့ ဈေးဝယ်ဖို့ခြေကျင် လျှောက်လာခဲ့ကြတာ။အခုတိုက်ပွဲဖြစ်ခဲ့တော့ ရွာပြန် ဖို့အခက်အခဲဖြစ်သွားပြီ" ဟုမြိုယုကျေးရွာမှဈေးဝယ် လာသည့် ဒေသခံတစ်ဦးက ပြောသည်။
စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်လမ်းတွင် စစ်ကောင်စီတပ်ကနေရာ ၃ ခုတွင် တပ်စွဲထားပြီး
စက်တင်ဘာ ၂၉ရက် နေ့လယ် ၂နာရီကျော်ခန့်တွင် တောင်ပေါ်က ရိက္ခာဆင်းယူသည့် စစ်ကောင်စီတပ်ကို အေအေက တိုက်ခိုက်ရာမှအပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာ ၂၇ ရက်ကလည်း ၎င်းတောင်ကျော်လမ်းဘေးရှိ စေတီတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ နယ်ခြားစောင့် စခန်းကို အေအေက လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့သဖြင့် စခန်းအဆောင်တချို့မီးလောင်သွားခဲ့သည်။
ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၇ နှင့် ၂၈ ရက် ညများတွင် ၇သေ့တောင်တွင်တပ်စွဲထားသည့် ၅၃၆၊၅၃၇ ၅၃၈ တပ်ရင်းမှ လက်နက်ကြီးကျည်များဖြင့် အနီးအနားရှိ တောင်တန်းများကို လှမ်းပစ်မှုများရှိခဲ့သည့်အတွက်ကြောင့် အနီးအနားရှိ ပိတောက်မြိုင်ရွာနှင့်ပြင်ရှည်ရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ရွာသားများ စိုးရိမ်ထိတ်လန့်ပြီးရွာကနေ ထွက်ပြေးသွားခဲ့ကြသည်ဟု သိ၇သည်။ (NN -13)