နိရဉ္စရာ၊နိုဝင်ဘာ၂၁/၂၀၂၂
ချင်းပြည်နယ်၊ပလက်၀မြို့နယ်၊ ဆမီးမြို့တွင် ဘုရားကျောင်းအနီးရှိ မြက်ပင်များကိုရှင်းလင်းရာမှမိုင်းထိ၍ အမျိုးသားတစ်ဦး ဒဏ်ရရာရှိခဲ့ကြောင်းသိ၇သည်။
မိုင်းထိ၍ဒဏ်ရာရရှိသွားသည့်အမျိုးသားမှာဦးမောင်မောင်ယိုး (၃၇ နှစ်)ဖြစ်ပြီးလွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ဘုရားကျောင်းအနီးရှိ မြက်ပင်များကိုရှင်းလင်းစဉ် မိုင်းပေါက်ကွဲကာ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းသိ၇သည်။
ကျောက်တော်မြို့ဖြူစင်မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက "လူနာကတော့ စိုးရိမ်စရာတော့မရှိပါဘူး။ စစ်တွေဆေးရုံကြီးကို ပို့ရတာကတော့ ကျောက်တော်ဆေးရုံမှာကတော့ခြေထောက်တွေဖြတ်ရမှာကအဆင်မပြေဘူးလေ။ သူ့မှာက ဒူးအောက်ပိုင်းလောက်ကနေ ခြေဖြတ်၇မယ်လို့ထင်ပါတယ်"ဟုပြောသည်။
၎င်းတွင်ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိပြီး ညာဖက်လက်ဖျံအနည်းငယ်ထိခိုက်မှုရှိခဲ့သသည်ဟု သိ၇သည်။ဦးမောင်မောင်ယိုးသည် ယမန်နေ့ညရ နာရီခန့်က ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကာ လက်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်နေ၇ကြောင်း ၎င်းအားပို့ဆောင်ပေးနေသည့် ကပြောသည်။
ချင်းပြည်နယ်ပလက်၀မြို့နယ်နှင့် ၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက မြေမြုပ်မှိုင်းနှင့်လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတို့ကြောင်း သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ဒေသခံ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
(NN-8)
ဓာတ်ပုံ-ဖြူစင်မေတ္တာဖောင်ဒေးရှင်း