စစ်တွေ အမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်ထားသည့် လူငယ် ၉ ဦးရဲစခန်းတွင် မရှိတော့ဘဲ အဆက်အသွယ်မရ ပျောက်ဆုံးနေ၍ မိသားစုများအတွက် အထူးစိုးရိမ်နေကြသည်ဟုသတင်းရရှိသည်။
ဖမ်းဆီးခံ၇ပြီးနောက် ပျောက်ဆုံးနေသူများမှာ စစ်တွေမြို့ ဓည၀တီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသားများ အပါအဝင်လူငယ် ၆ ဦးနှင့် အဆိုပါဘုန်းကြီးကျောင်းအနီးရှိအသောကရာမ ဘုန်းတော်ကြီးကျောင်းမှ ဒေသခံ ၃ ဦးတို့ ဖြစ်ကြသည်။
မိသားစုဝင် တစ်ဦးက " ဟိုတစ်နေ့ မနက်ပိုင်းတခေါက် ထမင်းပို့လိုက်ရတယ်။ ညနေကျတော့အသောကရာမ ကျောင်းကလူတွေမရှိတော့ဘူးလို့ပြောပါတယ်။ အခြားကျောင်းက ခြောက်ယောက်လည်း မရှိတော့ဘူးလို့ပြောပါတယ်။ရဲစခန်းကသူတွေကို မေးခဲ့တော့လည်း သူတို့မသိဘူးလို့ပဲ ပြောပါတယ်” ဟုပြောသည်။
သူတို့ကို ဖမ်းဆီးချိန်ကလည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကိုမိသားစုများအား ထုတ်ဖော် ပြောကြားခြင်း မရှိသလို ဖမ်းဆီးထားသည်မှာ ၄ ရက်ကျော်ရှိလာပြီဖြစ်သော်လည်းမိသားစုများကို တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိ၍ မြန်မာနိုင်ငံ၏ ဥပဒေအပေါ် မေးခွန်းထုတ်ချင်သည်ဟု၎င်းက ပြောသည်။
“ ဘာကြောင့် ဖမ်းတယ်။ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်။ မိသားစုတွေကိုပြောသင့်တယ်။ ကိုယ့်သားသမီး သူ့သားသမီး ကိုယ်ချင်းစာတရားထားကြစေချifပါတယ်။ဖမ်းသွားတဲ့နေ့နေက တွေ့ခွင့်လည်းမရပါဘူး။ မိသားစုဝင်တွေက အရမ်းစိုးရိမ်နေကြပါတယ်။ ဒီလိုလုပ်နေတာ ဘာဥပဒေလဲလို့ မေးချင်တယ်” ဟုပြောသည်။
ဖမ်းဆီးခံ၇သူ ၆ ဦးမှာ စစ်တွေ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင်နေထိုင်သူပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်ကျေးရွာမှ မောင်ဘိုအောင်ခင် (၂၃ နှစ်)၊ မောင်အောင်လင်းစိုး(၂၀ နှစ်)၊ မောင်စိုးမင်း (၂၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာမှ မောင်အောင်ငြိမ်း(၂၁ နှစ်)၊ မောင်ဇော်လှိုင်ဦး (၂၀ နှစ်)နှင့် ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှ မောင်ကံစိုး(၂၅ နှစ်)တို့ဖြစ်သည်။
အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ ဖမ်းဆီးခံ၇သူ ၃ ဦးမှာ ဦးထွန်းစိန်မောင်(၄၈ နှစ်)၊ ဦးမောင်လှထွန်း (၄၆ နှစ်)၊ ဦးဦးစိုးဝင်း (၂၉ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့သည်ဒေသအခေါ် ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများဖြစ်ကြသည်။
သူတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညဉ့် ၁၂ နာရီခန့်တွင်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိ၇သည်။
၎င်းတို့ ၉ ဦးကို စတင်ဖမ်းဆီးခဲ့သည့်နေ့မှစ၍ ယမန်နေ့ နိုဝင်ဘာလ၁၈ ရက်နေ့ နံနက်အထိ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင်မိသားစုဝင်များမှာ ထမင်းသွားပို့ရာတွင် ရဲစခန်းတွင် ထိန်းသိမ်းထားခြင်းမရှိဟု ပြောဆိုလိုက်ကြောင်းမိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းတို့နှင့် ပတ်သက်ပြီး သတင်းအစအန အမျိုးမျိုးကြားနေ့၍ပိုစိုးရိမ်စရာဖြစ်နေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
"အတိအကျတော့မသိရသေးပါဘူး။သတင်းက အမျိုးမျိုးကြားနေရတယ်။ အစတုန်းကတော့ စစ်ထောက်လှမ်းရေး စရဖက ခေါ်ထုတ်သွားတယ်။နောက်ပြီး ဒကစမှူးဆီကို ခေါ်သွားတယ်လို့လည်းကြားရပါတယ်။ သတင်းအတိအကျကမရပါဘူး။ သူတို့နဲ့လည်းတွေ့ခွင့်မရဘူး။ပြန်လွတ်လာမယ်လို့လည်း သတင်းကြားရတယ်။ ဒါပေမယ့်အခုကတော့ စရဖကိုယူသွားပါပြီ။ စိုးရိမ်ကြောင့်ကြမှုတွေရှိပါတယ်။ဘယ်ရောက်လို့ ဘာဖြစ်နေမှန်းလည်း မသိ၇ဘူး" ဟုပြောသည်။
ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများအနက် မြက်သောက်နှင့်ပဲစိနန်းကျေးရွာတို့မှလူငယ် ၅ ဦးသည် တက္ကသိုလ်စာမေးပွဲ ဖြေပြီး၍ ကွန်ပျူတာသင်တန်းနှင့်ဂျပန်၊ အင်္ဂလိပ်နှင့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်နေသူများဖြစ်ပြီး ကျောက်တော်မြို့နယ်ခွဆုံကျေးရွာမှ မောင်ကံစိုးမှာ ဆိုင်ကယ်ဝပ်ရှော့ တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ကြောင်းသိ၇သည်။
အသောရာမ ဘုန်းကြီးကျောင်းမှ ဖမ်းဆီးခံ၇သည့် ဒေသခံ ၃ ဦးတွင်လည်းဖုန်းသုံးလုံးနှင့် ၎င်းတို့အလုပ်လုပ်ကိုင်နေသည့် ဘေးတွဲဆိုင်ကယ် သုံးစီးကိုလည်း သိမ်းယူသွားကြောင်းသိ၇သည်။
(NN-8)