နိရဉ္စရာ၊နိုဝင်ဘာ ၂၂/၂၀၂၂
၇ခိုင်ပြည်နယ်၊မင်းပြားမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သည့် အောင်မြေကုန်းဆရာတော်နှင့် ရွှေဆိုင်ပိုင်ရှင် ၁ဦး တို့ မနေ့ ညနေ့ ပြန်လွတ်မြောက်လာသည်ဟု သိ၇သည်။
အောင်မြေကုန်းရတနာဝါရမေသုကျောင်းတိုက်မှဆရာတော် ဦးဝါ၇မဉ္စဇူ (သက်တော် ၅၀)နှစ်နှင့် ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်(၄၉)နှစ်တို့ကို ယမန်နေ့နိုဝင်ဘာလ ၂၁ရက်၊ ညနေ ၃ နာရီ အချိန်ခန့်တွင် ရှေ့ဆင့်နောက်ဆင့် စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သည်ဟု သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
"လွတ်လာတာ အောင်မြေကုန်းဆရာတော်နဲ့ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်တို့ဖြစ်ပါတယ်။အောင်မြေကုန်းဆရာတော်ကို ညနေ ၃နာရီလောက်မှာ မိခင်ဖြစ်သူကို ခေါ်ယူပြီးတော့ ဖမ်းဆီးထားတဲ့နေရာကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အခုတော့ကျောင်းတိုက်ကိုရောက်နေ
စစ်ကောင်စီတပ်သည် ဆရာတော်အားလူဝတ်လဲ၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။
မင်းပြားတွင် ဖမ်းဆီးခံရသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်နှစ်ဦးအနက် ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်ကို ပြန်လွှတ်ပေးလိုက်သော်လည်း နောက်ထပ် ရွှေဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်း(၅၁)နှစ်ကို ဆက်လက်ဖမ်းဆီးထားကြောင်း သိ၇သည်။
တစ်ခြားမင်းပြားဒေသခံတစ်ဦးက“ ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ကိုကျော်နုမောင်ကို
အောင်မြေကုန်းဆရာတော်နှင့်ရွှေဆိုင်ပိုင်ရှင် ၂ဦးကိုမင်းပြားအခြေစိုက် ခမ၇(၃၇၉)တပ်တွင် ၁၀ ရက်ကျော်ကြာဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး ပြန်လွတ်မြောက်လာသည့်အချိန်၌ နေကောင်းကျန်းမာနေကြောင်းသိ၇သည်။
"အောင်မြေကုန်းဆရာတော်တော့ နေကောင်းကျန်းမာတယ်လို့သိရတယ်။ ဖုန်းအဆက်အသွယ်ရှိလို့ သိ၇တာပါ။ ဝင်းတိုးရွှေဆိုင်ပိုင်ရှင်ဦးကျော်နုမောင်လည်း ကျန်းကျန်းမာမာပါပဲ။ ဒါပေမဲ့ငွေပိုင်ထွန်းရွှေဆိုင်ပိုင်ရှ
အောင်မြေကုန်း၇တနာ ဝါရမေသုကျောင်းတိုက်မှဆရာတော်နှင့် ရွှေဆိုင်ပိုင်ရှင် ၂ဦးကို ပြီးခဲ့သည့်နိုဝင်ဘာလ ၁၁ရက်၊ ညဥ့်အချိန် ၁၁ နာရီနှင့် ၁၂နာရီအချိန်တွင် မင်းပြားအခြေစိုက်ခမ၇ (၃၇၉)တပ်မှစစ်သားအင်အား၁၀၀ ကျော်ကို ၂သုတ်ခွဲ၍ မင်းပြားမြို့ထဲ ဝင်ရောက်လာပြီးနေအိမ်များပေါ်မှ ခေါ်ချကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ရခိုင်မှ လုပ်ငန်းရှင်များကို အေအေနှင့်ဆက်စပ်မှုရှိသည်ဟုမဟုတ်မမှန် လုပ်ကြံ စွပ်စွဲဖမ်းဆီးပြီး ပြန်လွှတ်ပေးရန်အတွက် ငွေညစ်တောင်းခံမှုများရှိကြောင်း၊လက်ရှိ လူတစ်ဦးပြန်လွတ်ရေးအတွက် ပေါက်ဈေးမှာ ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၅၀၀ ထိ ရှိသည်ဟုသတင်းများထွက်ပေါ်လျှက်ရှိနေသည်။
သို့သော် ယခုရွှေဆိုင်ပိုင်ရှင်တစ်ဦးအား လွှတ်ပေးရာတွင်ငွေညစ်တောင်းဆိုမှု ရှိ/မရှိကို နိရဉ္စရာသတင်းဌာနအနေဖြင့် မသိရှိ၇သေးပါ။
(