နိရဉ္စရာ၊နိုဝင်ဘာ ၂၃/၂၀၂၂
စစ်ကောင်စီကနိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသည့် ချင်းပြည်နယ်၊ ပလက်၀မြို့မှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို နိုဝင်ဘာလ ၂၁ ရက်က ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိ၇သည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူနှစ်ဦးမှာ၇ခိုင်အမျိုးသားများဖြစ်ကြသည့် အသက် (၆၀) ကျော်အရွယ် ပလက်၀မြို့မရပ်ကွက် ရာအိမ်မှူးဦးမောင်ဝင်းနှင့်အသက် (၅ရ) နှစ်အရွယ် ဦးမောင်မဲကျော့တို့ဖြစ်ကြသည်။
၎င်းတို့အားပြီးခဲ့သည့်ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ပလက်၀မြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်ကာလက်ရှိတွင် ပလက်၀မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိ၇သည်။
၎င်းတို့အနက်ဦးမောင်မဲကျော့သည် ဖမ်းဆီးစစ်ဆေးခံရစဉ်ရာဒဏ်များကြောင့်နေမကောင်းဖြစ်နေပြီး အချုပ်ထဲတွင် ဆေးကုသခွင့်လည်းမရသဖြင့် မိသားစုဝင်များမှာ လွန်စွာစိုးရိမ်နေ၇ကြောင်း၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။
"ထောင်ချလိုက်ပြီဆိုတော့မိသားစုတွေနဲ့လည်းတွေ့ခွင့်မ၇တော့ဘူး။ ဒါကြောင့်ပိုပြီး စိတ်ပူနေတယ်။ဆေးတွေဘာတွေကုပေးချင်တယ်။ ဒီအတိုင်းအချုပ်ထဲမှာ သေသွားမှာကို စိတ်ပူပါတယ်။ သေသွားမှာကိုကြောက်ပါတယ်၊ အသက်ကြီးပိုင်း တစ်ယောက်လည်း ဖြစ်နေတာနဲ့နေရာတာက အုတ်နံရံကြားမှာပါ။ သူတို့ချလိုက်ကြရင် ဒီကလည်း ဘာမှမတတ်နိုင်တော့ဘူးလေ။ အသက်ရှင်လျက်ကိုယ့်တို့ဆီကို ပြန်ရောက်ဖို့ မျှော်လင့်နေရာတာပါပဲ။ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ပါလာရင်လည်း ကောင်းမယ်" ဟုပြောသည်။
၎င်းတို့နှစ်ဦးသည်ပလက်၀တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များကပြောသည်။
၎င်းတို့နှစ်ဦးကိုပြီးခဲ့သည့် ဇွန်လအစောပိုင်းက ၎င်းတို့နေအိမ်မှ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီးပလက်၀အခြေစိုက် ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့အားဖမ်းဆီးစစ်ဆေးခဲ့သည့် ခလ၇ ၂၈၉ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိ၊ မရှိကို မေးမြန်း စစ်ဆေးခဲ့ပြီးနောက်တွင်နိုင်ငံတော် အပြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်ဘက်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုသိ၇သည်။
ပလက်၀တွင်ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း သက်ကြီးပိုင်းဒေသခံ တစ်ဦးဖြစ်သည့်ဦးချစ်စံကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ထောင်သုံးနှစ်ချမှတ်ခဲ့ကြောင်းသိ၇သည်။
လက်ရှိပလက်၀တွင်ရက္ခိုင့်တပ်တော်(အေအေ)နှင့် ဆက်စပ်သည်ဟုဆိုကာ ပညာရေးဝန်ထမ်းများ အပါအဝင်ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးနေပြီး ယင်းထဲမှတချို့ကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇ (၁)ဖြင့် တရားစွဲအမှု ဖွင့်ထားကြောင်းသိ၇သည်။
(NN-8)