မောင်တောမြို့နယ်၊ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း ကလေးနားထိုးပွဲကျင်းပနေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွ
သေဆုံးသွားသည့်ကလေးငယ်မှာ (၄)လအရွယ် မောင်ဆောင်ဝေဖြစ်ပြီး နိုဝင်ဘာ (၂၂) ရက် ညနေပိုင်းက မောင်တောဆေးရုံတွင်ဆေးကုသမှုခံယူရင်း သေဆုံးသွားရခြင်း ဖြစ်ကြောင်း အတူတူဆေးကုသမှုခံယူနေ၇သူတစ်ဦး၏ဖခင်က နိရဥ္စရာကိုအတည်ပြုပြောဆိုသည်။
"၂၂ ရက်နေ့ကမောင်တောဆေးရုံမှာ ဆုံးတာပါ။ ကလေးက အလွန်ဆုံးရှိမှ (၄) လအရွယ်ပါပဲ။မိဘတွေကတော့ သင်္ဂြိုလ်ပြီး ရွာပြန်သွားကြပါပြီ"ဟု ပြောသည်။
သေဆုံးသည့် ကလေးငယ်၏ရုပ်အလောင်းကိုနိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့မသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။
နိုဝင်ဘာလ(၁၆) ရက်နေ့ နံနက်ပိုင်းက ကျေးရွာအတွင်း ကလေးနားထိုးပွဲကျင်းပနေစဉ်ကျေး
ယင်းအထဲမှ နိုဝင်ဘာလ ၁၈ရက်နေ့ကလည်း ဒဏ်ရာရရှိသူများထဲမှ တစ်ဦးသေဆုံးသွားခဲ့သည့် အတွက် စုစုပေါင်း သေဆုံးသူ(၁၃) ဦးအထိရှိလာခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူများအထဲမှ ဒဏ်ရာပြင်းထန်သည့်လူနာ (၃) ဦးမှာ မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်းဆေးကုသမှုခံယူနေရသူတစ်ဦး၏ဖခင်က နိရဥ္စရာကို ပြောသည်။
"လက်ရှိ မောင်တောဆေးရုံမှာဆေးရုံကမဆင်းဘဲ ကုနေ၇တာက တစ်ယောက်၊ (၃) မိုင်ဘုန်းကြီး ကျောင်းကနေ ဆေးရုံကိုသွားကုနေ၇တာက (၂)ယောက်ရှိပါသေးတယ်။ တခြားလူတွေကတော့ နည်းနည်းပါးပါးသက်သာလို့ ရွာပြန်သွားကြပြီ။ လုံး၀မသက်သာသေးလို့ဆေးကုနေ၇တာ (၃) ယောက်ရှိပါသေးတယ်"ဟု ပြောသည်။
ဂြိတ်ချောင်းကျေးရွာဖြစ်စဉ်နှင့်
စစ်ကောင်စီကလည်းယခုဖြစ်စဉ်သည် အေအေ၏ ပစ်ခတ်