Preview

ရခိုင်မှ အစည်ကားဆုံး ဆံတော်ရှင်ဘုရားပွဲတော် ဒေသလုံခြုံရေးအခြေနေကြောင့် ယခုနှစ်တွင်ကျင်းပရန်အစီအစဉ်မရှိဟုဆို

နိုဝင်ဘာ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :10731
ရခိုင် သတင်း
နိရဥ္စရာ၊နိုဝင်ဘာ ၂၅/ ၂၀၂၂


၇ခိုင်မှ လူပေါင်းသိန်းနှင့်ချီဆင်နွှဲကြသည့် အစည်ကားဆုံး သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ်တွင် ဒေသလုံခြုံရေးအခြေအနေအရကျင်းပရန်အစီအစဥ်မရှိဟု ဂေါပကအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲတော်ကိုနှစ်စဉ် နတ်တော်လဆန်း ရ ရက်မှစပြီး လပြည့်ကျော် ၁ ရက်အထိ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ဒေသလုံခြုံရေး အခြေအနေကြောင့်ကျင်းပရန်အစီအစဥ်မရှိဟု ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့မှဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိန်းက နိရဥ္စရာကို ပြောသည်။

"ကာလဒေသအားလျော်စွာ ကျနော်တို့ကပွဲကျဖို့အခြေအနေမရှိဘူးဖြစ်နေပါတယ်။ ကာလဒေသဆိုတာက ကျနော်တို့ မြို့နယ်အတိုင်းအတာအ၇တော့သွားကြဖို့ အခြေအနေမရှိတဲ့ အတွက်ပါ။ အဓိက ကျနော်တို့က ပွဲမှာကလုံခြုံရေးလည်းပါတယ်ဆိုတော့ ပွဲလာသူတွေ  အတွက် ကျနော်တို့က လုံခြုံရေးကိုလည်းထည့်စဥ်းစား၇တာကိုး"ဟု ပြောသည်။

ပေါက်တောမြို့နယ်သည်၇ခိုင်တွင် စစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခများ မရှိသော်လည်း စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးကိုဖြတ်တောက်ထားသဖြင့် သွားရေးလာရေးလည်း အခက်အခဲများရှိနေကြောင်း သိ၇သည်။

 

ဒေသခံတစ်ဦးက လက်ရှိပေါက်တော-စစ်တွေ၊ ပေါက်တော-မင်းပြားစတဲ့ ရေလမ်းကြောင်းတွေ သွားလာခွင့်ကို စစ်တပ်က ပိတ်ထားတယ်။  ကုန်းလမ်းကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားတော့ သွားရေးလာရေးလည်း အဆင်မပြေဘူး။လုံခြုံရေးကလည်း စိုးရိမ်၇တယ်။ ခုလိုလမ်းတွေပိတ်ထထားတဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ဈေးအဆမတန်မြင့်တက်နေတော့ လူတွေက အခက်အခဲ အများကြီးဖြစ်နေတယ်။ ပွဲချရင်လည်း ဘယ်သူမှသွားကြမယ် မထင်ဘူးဟု  ပြောသည်။

ယင်းအပြင်ယခင်နှစ်ကလည်း ဆံတော်ရှင်ဘုရားပွဲကျင်းပနေစဥ်တောင်ကျော်လမ်းကို ပြုပြင်ရာ၌ စစ်ကောင်စီတပ်သားများ ဝင်ရောက်ခြေရှုပ်ခဲ့မှုကြောင့် ပွဲတော်စည်ကားခြင်း မရှိခဲ့သလိုပွဲလာပရိသတ်များ လာရောက်မှု အလွန်နည်းပါးခဲ့သည့်အတွက်ဈေးဆိုင် ရောင်းချသူများလည်းအရှုံးပေါ်ခဲ့ရသည်ဟု သိ၇သည်။

ယခုကဲ့သို့စစ်ကောင်စီတပ်က  ၇ခိုင်ဒေသခံများလူနေမှုဘ၀ အဆင်မပြေမှုများဖြစ်အောင် ရေလမ်း ကုန်လမ်းများကို ပိတ်ဆို့မှုများကို ဖန်တီးလုပ်ဆောင်နေပြီး မထင်သလို ဒေသခံများကို ဖမ်းဆီးကာ လူ့အခွင့်အရေးချိုးဖောက်နေမှုတို့ကြောင့်ဘုရားပွဲတော်ကို မကျင်းပနိုင်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ လူ့အခွင့်အရေးလှုပ်ရှားနေသူ တစ်ဦးက  ြောကြသည်။

"ဒီပွဲက ၇ခိုင်မှာ အရမ်းနာမည်ကြီးပြီးအတော်စည်ကားတဲ့ပွဲဖြစ်ပါတယ်။ ဒါကို စစ်တပ်က အဘက်ဘက်က ပိတ်ဆို့ပြီး မသွား၇၊ မလာ၇၊ နည်းအမျိုးမျိုးနဲ့ ဒေသခံတွေအပေါ် ညစ်ပတ်နေထားတော့  ဒီဘုရားပွဲပျက်၇တာပေါ့"ဟု ပြောသည်။

ပွဲတော်မကျင်းပသော်လည်းမြို့နယ်သံဃာ့နာယကဆရာတော်ကြီးများနှင့်ညှိနှိုင်းကာနှစ်စဥ်ပြုလုပ်နေကျဖြစ်သည့် နတ်တော်လမပြည့်မီ စေတီတော်ကိုရောင်တော်ဖွင့်ပြီးပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်သွားကြရန်စီစဥ်နေသည်ဟုလည်း ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးခင်မောင်သိန်းက နိရဥ္စရာကို ပြောသည်။

ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း(ခေါ်) မြေငူကျွန်းပေါ်ရှိ နိလာပဗ္ဗတတောင်ပေါ်တွင်တည်ရှိပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ ထည့်သွင်းတည်ထားသည့်စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများ အရ သိ၇သည်။

အဆိုပါဘုရားပွဲကို နှစ်စဥ်ကျင်းပတတ်သော်လည်း ပြီးခဲ့သည့်၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်ကိုဗစ်ကပ်ရောဂါနှင့် ၇ခိုင်တွင်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခတို့ကြောင့်ပွဲတော်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သော်လည်း တောင်ကျော်လမ်းတစ်လျှောက်နှင့် ပွဲဧရိယာတို့တွင်စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူခဲ့ကြသည့်အတွက်ပွဲတော်သို့ လူအရောက်အပေါက်နည်းကာ စည်ကားခြင်းမရှိခဲ့ဟုကိုယ်တိုင် သွားရောက်ခဲ့သူများက ပြောသည်။

ဓာတ်ပုံ- ယခင်နှစ်ပုံဟောင်းများ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.