နိရဉ္စရာ၊ နိုဝင်ဘာ ၂၅/၂၀၂၂
“ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ” မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပထမအကြိမ်ထုတ်ဝေသည့်စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်တွင် Online တစ်ဆင့် ပြုလုပ်ခဲ့သည်။
ထိုစာအုပ်မိတ်ဆက်ပွဲကို မြန်မာ့အမျိုးသမီးသမဂ္ဂအ Burmese Women’s Union ( BWU) မှ ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စာအုပ်မိတ်ဆက်ပွဲတွင် BWU ၏ တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၁)ဖြစ်သူ မဇူးပဒုမ္မာက" ကျွန်မတို့ မြန်မာနိုင်ငံရေးဆွေးနွေးပွဲတွေမှာ တခြားအမျိုးသားတွေနဲ့ တန်းတူယှဉ်ဘောင်တန်းပြီး ဆွေးနွေးခွင့်တွေ ဆုံးရှုံးခဲ့ရတာတွေရှိတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့၇တဲ့နိုင်ငံဖြစ်တယ်။ ဝါဒကြီးစိုးမှုအောက်မှာ နေထိုင်ခဲ့၇တဲ့နိုင်ငံဖြစ်တယ်။ စစ်ပွဲတွေဖြစ်ရင် ထိခိုက်နစ်နာတဲ့သူတွေက အမျိုးသမီးတွေဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ရင် အမျိုးသမီးတွေရဲ့အသံကိုထည့်သွင်း စဥ်းစားတာနည်းပါးတယ်ပေါ့နော်။ အလွှာပေါင်းစုံက အမျိုးသမီးတွေရဲ့ စကားသံတွေကို နိုင်ငံရေးစင်မြင့်ပေါ်မှာ အနည်းဆုံး ၃၀%လောက်ပါဝင်ပြီး၊ အမျိုးသမီးပါဝင်မှုက အရမ်းနည်းတယ်" မဇူးဇူးက ပြောသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို အမျိုးသမီးများအခွင့်အရေးဆုံးရှုံးမှုများ၊ အထူးသဖြင့်အမျိုးသမီးများ၏ ပါဝင်ပတ်သတ်မှုကို အသိအမှတ်ပြုခြင်းမခံ၇သည့်အတွက်ကြောင့် လုံလောက်သည့် ကိုယ်စားပြုမှုရရှိရန်နှင့် တန်းတူအခွင့်အရေးများ ရရှိရန် ၇ည်ရွယ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
“BWU အနေနဲ့ စတင် ဖွဲ့စည်းကတည်းက အမျိုးသမီးများတော်လှန်ရေးမှာ ပါဝင်မှု၊
နိုင်ငံရေးအကျဉ်းသူတွေရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ စစ်အာဏာရှင် စနစ်လက်အောက်မှာ တိုင်းရင်းသူ အမျိုးသမီးတွေရဲ့ အခြေအနေကို ထင်ဟပ်နိုင်အောင် ကျမတို့ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ မှတ်တမ်းပြုစုတာကို အခုချိန် ထိ လုပ်ဆောင်နေပါတယ်။ ခြုံပြောရရင် နွေဦးတော်လှန်ရေးမှာ
အမျိုးသမီးတွေရဲ့ အခရာကျတဲ့ပါဝင်မှုကို သမိုင်းအချက်အလက်အဖြစ် ကျန်ရှိနေစေဖို့ ကျမတို့ က
ဒီမှတ်တမ်းစာအုပ်ကို ထုတ်ဝေ၇ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့အပြင် မြန်မာ့အမျိုးသမီးများမှာ လက်ရှိဖြစ်ပေါ်နေသည့် နွေဦးတော်လှန်ရေးတွင် စိန်ခေါ်မှု အခက်အခဲများရှိနေပြီး ထိုအခက်အခဲများအထဲမှ နောက်ဆုတ်မှုမရှိဘဲ ရဲရဲဝံ့ဝံ့နှင့် အာဏာရှင်တွန်းလှန်ရေး၊ မူဝါဒစနစ်ကြီးစိုးမှုကို အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် နွေဦးတော်လှန်ရေးမှာ အမျိုးသမီးများလည်း ရင်ဆိုင်တိုက်ပွဲဝင်နေသည့်အပေါ် ဖော်ပြချင်သည့် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု သူမက ဆက်ပြောသည်။
“ကျွန်မတို့ အမျိုးသမီးတွေ ထိခိုက်နစ်နာဆုံးရှုံးကိုဖော်ပြချင်တယ်။ အမျိုးသမီးတွေအနေဖြင့် ပါဝင်နေတဲ့ ကျရာအခန်းကဏ္ဍကတွေမှာ နောက်မဆုတ်ဘဲအခုအချိန်ထိ တော်လှန်နေပေမဲ့လည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုသမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ထောက်ပြစရာ အထောက်အထားတွေအရမ်းနည်းတယ်။ အဲတာကြောင့် အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍတွေကို များများလုပ်ဖို့ လိုအပ်လာတယ်။ တော်လှန်ရေးမှာ သက်သေ အထောက်အထားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို သမိုင်းမှတ်တမ်းတင်ချင်တဲ့ အတွက်ကြောင့် ရေးသားထုတ်လုပ်၇တာဖြစ်တယ်” ဟုပြောသည်။
ဤစာအုပ်ကိုရေးသားရာတွင် မြန်မာနိုင်ငံအတွင်းမှ ရန်ကုန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ဧရာ၀တီ၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအသီးသီးမှ အမျိုးသမီး ၃၄ ဦး၏ စကားသံကိုအခြေခံပြီး ပထမအကြိမ် အဖြစ် ထုတ်ဝေ၇ခြင်းဖြစ်သည်ဟု စာအုပ်ကိုအဓိကရေးသားပြုစုခဲ့သည့် မသွယ်ဇင်တိုးက ထိုစာအုပ်မိတ်ဆက်ပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဤစာအုပ်တွင် (၁) အခြေခံအမျိုးသမီးများ၊ (၂) အခြေခံအလုပ်သမများ၊ (၃)လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများ၊ (၄) အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုး၇ဝန်ထမ်းများ၊ (၅) နိုင်ငံရေးပါတီဝင် အမျိုးသမီးများ၊ (၆) မသန်စွမ်းအမျိုးသမီးများ၊ (၇)လိင်သဘောထားခံယူမှုခြားနားသူများနှင့် (၈) လက်နက်ကိုင် အမျိုးသမီးများ စသဖြင့် အလွှာပေါင်းစုံမှအမျိုးသမီး ၃၄ ဦးတို့၏ နိုင်ငံရေးပါဝင်မှုကို ဖော်ပြ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
အမျိုးသမီး သမဂ္ဂကို BURMESE WOMEN'SUNION( BWU)ကို ၈၈ လူထုလှုပ်ရှားမှုမှာတက်ကြွစွာ ပါဝင်ခဲ့တဲ့အမျိုးသမီးခေါင်းဆောင်များမှ “အမျိုးသမီး သမဂ္ဂအဖွဲ့အစည်း”ကို ၁၉၉၅ခုနှစ်တွင် မြန်မာထိုင်းနယ်စပ်မှာ ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းပြီး ၂၇နှစ်အကြာတွင် “ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ” စာအုပ်ကို ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။(NN-13)