Preview

မင်းပြား-ပေါက်တောကားလမ်းပေါ်တွင် စစ်ကောင်စီကဂိတ်ဖွင့်ပြီး ဆေးဝါး၊ စားသုံးဆီနှင့် အိမ်ဆောက်ပစ္စည်းအချို့ကိုသယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်နေ

နိုဝင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :6773
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၆ /၂၀၂၂

 

မင်းပြား-ပေါက်တောကားလမ်းပေါ်တွင်စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဆေးဝါး ဆန်၊ စားသုံးဆီနှင့် အိမ်ဆောက်ပစ္စည်းအချို့ သယ်ယူခွင့်ကို တင်းကျပ်စွာပိတ်ပင်မှုပြုလုပ်နေသည်ဟုဒေသခံများက ပြောသည်။

 

မင်းပြားမြို့အဝင်/အထွက် မင်းပြား-ပေါက်တောကားလမ်းတွင်ယခင်ကစစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များမရှိသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကိတ်ဖွင့်ကာတင်းတင်းကျပ်ကျပ် စစ်ဆေးနေခြင်းဖြစ်ကြောင်း၎င်းတို့က ပြောသည်။

 

စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်မှ ဆန်၊ဆေးဝါး၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့်သံထည်အချို့တို့ကိုသယ်ဆောင်ခွင့်ကို လုံး၀တားမြစ်ထားပြီး ခရီးသည်များကိုလည်း ှတ်ပုံတင်များကိုစစ်ဆေးကာ မသင်္ကာသည့် ခရီးသည်အချို့ကိုလည်း ဖုန်းများကို စစ်ဆေးခြင်း၊ဆဲဆိုခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါကားလမ်းတွင် ကြုံတွေ့ခဲ့၇မှုကို အမျိုးသမီးတစ်ဦးကပြောသည်။

 

"ကျမတို့ကအလုပ်ကိစ္စနဲ့မင်းပြားကိုလာကြတာပါ။ အဲဒီမှာ ကျမတို့ကားမှာပါတဲ့ ကောင်လေး တစ်ယောက်ကို စစ်တယ်။ မင်းဘာလာလုပ်တာလဲ ဘာညာဆိုပြီးတော့လေ။သူကစစ်သားတွေကိုကြောက်ပြီးတော့ စကားတွေသေချာမထွက်ဘူးဖြစ်နေလို့။ကျမတို့ထဲကအစ်မတစ်ယောက်က ဝင်ကူပြီး ပြောပေးတာကို။ ကားမှန်ကို ဓားနဲ့ထောက်ပြီးမိုက်မိုက်ရိုင်းရိုင်းတွေ ပြောပြီး ခြိမ်းခြောက်သွားတယ်။သူတို့(စစ်သား)အထဲက တချို့ကလည်း ဆေးသုံးထားသလို၊ အရက်သောက်ထားသလိုပုံစံတွေနဲ့ မူမှန်တဲ့ပုံစံတွေမဟုတ်ဘူး"ဟုပြောသည်။

 

ထို့သို့ အရက်သေစာသောက်စားပြီး မူးယစ်နေသော စစ်သားများက  သေနတ်၊ ဓားများကို ကိုင်ဆောင်ပြီး မိုင်းရိုင်းစွာဆဲဆိုစစ်ဆေးမှုကြောင့် ခရီးသည်တိုင်း စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ခံစားနေရပြီးခရီးသွား၇သည့် အခါတိုင်း  စိုးရိမ်စရာဖြစ်နေသည်ဟုသူမက ဆိုသည်။

 

ယခုစစ်ဆေးရေးဂိတ်မှာ ခရီးသွားပြည်သူလူထုကို တမင်စိတ်အနှောင့်အယှက်ပြုလုပ်ရန်ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပြည်သူများကို စစ်တပ်သည် ရန်သူလို သဘောထားကာ ဆက်ဆံနေသည်ဟုကားသမားတစ်ဦးက ပြောသည်။

 

"ဆန်တွေကတော့တစ်အိတ်လောက်ဆိုရင်တော့ သယ်ရတယ်။ အများကြီးဆိုရင်မရပါဘူး။ ဆေးတွေဆိုရင်တော့လုံး၀ကိုမရတာပါ။သူတို့မသင်္ကာတဲ့ယောင်္ကျားလေးတွေကိုဆိုရင် ဖုန်းတွေဘာတွေစစ်ပါတယ်။ ဒီဂိတ်ဖွင့်တာကမကြာသေးဘူး။သက်သက်လူထုကို စိတ်အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ပြီးဖွင့်လှစ်တာပါ။ ရခိုင်ဆိုရင်အကုန်လုံး အေအေလို့ သဘောထားပြီး အနိုင်ကျင့် ဆက်ဆံနေကြတာ " ဟု ကားသမားတစ်ဦးကပြောသည်။

 

စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် အောက်တိုဘာလကစပြီး ပြည်သူများ နေ့တဓူ၀ အသုံးပြုနေသည့်မင်းပြား-မြေပုံကားလမ်းပေါ်ရှိကြပ်စင်တံတားအလယ်တွင် တပ်စခန်းချထားကာ အသွားအလာများကို ပိတ်ပင်ထားသည်ဟုသိ၇သည်။

 

၎င်းပြင် ကြပ်စင်တံတားအနီးရှိ လယ်ကွင်းများ၌ လူရိပ်လူယောင်မြင်ပါကလည်းသေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်သလို စပါးရိတ်ရန်လာကြသည့်လယ်သမားများကို သေနတ်များဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများကပြောသည်။

 

ပြီးခဲ့သည့်နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ လုံခြုံရေးကိုအကြောင်းပြပြီး စစ်ကောင်စီတပ်သည် စစ်တွေမြို့အဝင်အထွက် တပ်ထိန်းဂိတ်ကို ပိတ်ထားပြီး ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းကိုလည်း ပိတ်ပင်ထားသည်မှာ ယနေ့အထိရက်ပေါင်း ၁၅ ရက်ကြာမြင့်နေပြီဖြစ်ကြောင်း သိ၇သည်။

(NN-8)

 

 ပေါက်တော-မင်းပြား ကားလမ်း (ပုံဟောင်း)/ Photo by Laymro Media Group

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.