နိရဉ္စရာ၊ နိုဝင်ဘာ ၂၆/၂၀၂၂
ရက္ခိုင့်တပ်တော် ( AA)နှင့် မြန်မာစစ်ကောင်စီတို့ အကြား အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း) တွင် ယနေ့သတင်းဖော်ပြသည်။
တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် အေအေနှင့် စစ်ကောင်စီတို့ကြား ပြီးခဲ့သည့်ရက်ပိုင်းကညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ အပစ်ရပ်စဲခြင်းနှင့် ပတ်သက်ပြီး အေအေဘက်ကတော့တရားဝင်ထုတ်ပြန်ပြောကြားတာမရှိသေးပါ။
အဆိုပါ သတင်းနှင့်ပတ်သက်လို့ရက္ခိုင့်တပ်တော် အေအေပြောခွင့်၇ ဦးခိုင်သုခကို နိရဉ္စရာကဆက်သွယ်မေးမြန်းနေပြီး ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။