Preview

ယနေ့ နိုဝင်ဘာ ၂၆ နံနက်စပြီး ၂၄ နာရီအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲ

နိုဝင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :5664
ရခိုင် သတင်း

(ပြည်သူများအတွက်အလေးအနက်ထား စဉ်းစားပြီး အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ခြင်းဟု ပြောဆို)

 

နိရဉ္စရာ၊ နိုဝင်ဘာ ၂၆/ ၂၀၂၂

 

ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက်က စတင်ပြီး ၂၄ အတွင်း ရက္ခိုင်တပ်တော် ( AA) နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကိုရပ်တန့်ကာ အပစ်ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခကနိရဉ္စရာသတင်းဌာနကို အတည်ပြု ပြောဆိုသည်။

 

"သဘောတူညီမှုကတော့ချရေးထားတာ မရှိဘူး။ ရောက်တဲ့နေရာက နှစ်ဘက်တပ်တွေ ရပ်နေပြီး အပစ်ရပ်ထားမယ်။ဒီလောက်ပါပဲ။ ဒီနေ့ကစပြီး(၂၄) နာရီအတွင်းပေါ့။ (၂၄) နာရီအတွင်းဆိုတော့ မနက်ဖြန်မနက်အထိပေါ့။ (၂၄) နာရီအတွင်း ပစ်ခတ်တာတွေ အားလုံးကိုရပ်တန့်မယ်"ဟု ဦးခိုင်သုခက ပြောသည်။ 

 

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲလိုက်ခြင်းမှာ၇ခိုင်ပြည်သူများအတွက်အလေးအနက်ထားစဉ်းစားပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်းဖြင့်လည်း ဦးခိုင်သုခကနိ၇ဉ္စရာသတင်းဌာနကို ပြောဆိုသည်။ 

 

"အဓိကကတော့ ကျနော်တို့ရခိုင်ပြည်သူတွေရဲ့ လက်ရှိရင်ဆိုင်နေ၇တဲ့ အခက်အခဲ အကျပ်အတည်းတွေကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့လုပ်တာဖြစ်ပါတယ်။ လောလောဆယ်မှာ၇ခိုင်ပြည်သူတွေအတွက် အဓိကကျတဲ့ စားနပ်ရိက္ခာ၊စပါးရိတ်သိမ်းဖို့အချိန်ရောက်လာတဲ့အတွက်မလို့ ပြည်သူတွေအတွက်အလေးအနက်ထား စဉ်းစားပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာအ၇အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။


လက်ရှိ အပစ်အခတ်ရပ်စဲလိုက်သော်လည်း နိုင်ငံရေး၇ပ်တည်ချက်မှာ ပြောင်းလဲမှု မရှိဘဲ နဂိုအတိုင်း သာဖြစ်ကြောင်း ပြောဆိုသည်။ 

 

လက်ရှိ  အပစ်အခတ်ရပ်စဲလိုက်ပေမယ့် ကျွန်တော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်က  ပြောင်းလဲသွားမှာ မဟုတ်ဘူး။မူလအတိုင်းဘဲ ရှိနေမှာ ဖြစ်ပါတယ်။

 

ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့သည် ၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာအထိ  တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက်  ရွေးကောက်ပွဲနောက်ပိုင်း နှစ်ဘက်သဘောတူညီမှု နှင့်အပစ်အခတ်ရပ်စဲကာ ၂၀၂၂ ခုနှစ် (၈) လပိုင်းမှစကာ တကျော့ပြန်စစ်ပွဲများပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

 

အေအေနှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲလိုက်ခြင်း အပေါ် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက  "စစ်ပွဲတွေကိုအပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာကတော့ လောလောဆယ် ကောင်းတဲ့ လက္ခဏာလို့မြင်တယ်။ လောလောဆယ်ပြောတာပါ။ ဘာလို့ဆို ရွာသားတွေ၊ပြည်သူတွေဟာ တော်တော် ဒုက္ခရောက်နေကြတယ်။ ဒီ စစ်ကောင်စီဘက်က ရွာထဲကိုလက်နက်ကြီးပစ်တာတွေ၊ သေကြေဒဏ်ရာ၇တာတွေက နေ့တိုင်းလိုဖြစ်နေတယ်။ နောက်တစ်ခုကရိက္ခာတွေ ဖြတ်တောက်ထားတယ။ဆေးဝါးတွေ ဖြတ်တောက်ထားတယ်။ အရပ်သားတွေကို ဖမ်းဆီးတယ်။ အစစ်အဆေး၊အမေးအမြန်းတွေလုပ်တယ်။ ထောင်ချတာတွေလည်း အများကြီးပဲလုပ်ရပ်တွေ။ ပြည်သူတွေဟာ ဒီစစ်ပွဲရဲ့ ဆိုးကျိုးကို အများကြီးခံစားနေကြ၇တယ်။ဒါကြောင့် သူတို့အနေနဲ့ အခုလို နှစ်ဘက်အပစ်အခတ်ရပ်စဲလိုက်တာမှန်တယ်ဆိုရင် လောလောဆယ် တိုက်ပွဲတွေမရှိဘဲ ခုဏကပြောတဲ့အခြေအနေတွေတဖြည်းဖြည်း ပြည်သူတွေအတွက် အသက်ရှူချောင်သွားမယ်"ဟု ပြောသည်။

 

၇ခိုင်တွင် တကျော့ပြန် ဖြစ်ပွားခဲ့သည့် ိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည်အေအေထက်  ရခိုင်ပြည်သူများကိုသာပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ရသလို ဖြတ်လေးဖြတ်ပြုလုပ်ပြီးအစားအစာဖြတ်၊ ဆေးဝါးဖြတ်၊ လမ်းပန်းဆက်သွယ်ရေးကိုဖြတ် စသည်တို့ကို ပြုလုပ်ခဲ့သဖြင့်ရခိုင်ပြည်သူများအနေဖြင့် အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်ဟု သိ၇သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.