Preview

အပစ်ရပ်ပြီးနောက် ၇ခိုင်တွင်ပိတ်ထားသည့် စစ်တွေ-၇သေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းပြန်ဖွင့်

နိုဝင်ဘာ ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :6817
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၂၇/၂၀၂၂


ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲပြီးနောက် ၇ခိုင်တွင်ပိတ်ထားသည့် စစ်တွေ-၇သေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းအားပြန်လည်ပြေးဆွဲခွင့် ပြုမည်ဟု သတင်းရရှိသည်။ 


မနက်ဖြန် နိုဝင်ဘာ(၂၈) ရက်နေ့မှစတင်ကာ စစ်တွေ-၇သေ့တောင်- ဘူးသီးတောင်ရေလိုင်းကို ပြန်လည်ပြေးဆွဲမည်ဟု သိ၇သည်။


ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက  "လိုင်းအားလုံးတော့ မဟုတ်သေးဘူး။၇သေ့တောင်-ဘူးသီးတောင်လိုင်းကို ဆွဲခွင့်ပြုတယ်လို့ ပြောပါတယ်။ကျနော့ကိုတော့ ရေကြောင်းဦးစီးကတဆင့် မနက်ဖြန်ကစပြီး ၇သေ့တောင်- ဘူးသီးတောင်ကစဆွဲလို့၇ပြီး။ကျန်တဲ့လိုင်းတွေကတော့ မပြောသေးဘူးလို့ပြောပါတယ်"ဟုပြောသည်။ 


အဆိုပါရေလိုင်းပြန်လည်ပြေးဆွဲခွင့်ကိုစစ်ကောင်စီ၏ရေကြောင်း ဦးစီးဌာနမှတဆင့် အသိပေးလာခြင်း ဖြစ်ပြီး ကျန်ရေကြောင်းလိုင်းများကိုလည်း အမြန်ဆုံးဖွင့်ပေးရန် မျှော်လင့်ကြောင်း သူက ပြောကြားသည်။ 


စစ်တွေမြို့မှရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အသီးသီးကိုပြေးဆွဲနေသည့်ရေလိုင်းအားလုံးကို စစ်ကောင်စီတပ်က အောက်တိုဘာ (၁၈)ရက်နေ့မှစကာပိတ်ပင်ခဲ့ခြင်းဖြစ်သည်။


ယမန်နေ့ နိုဝင်ဘာ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတို့၏ နှစ်ဘက်သဘောတူညီမှုနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ပိတ်ထားသည့် ရခိုင်မြောက်ပိုင်းရေကြောင်းခရီးစဉ်များမှ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့်စစ်တွေ-၇သေ့တောင်-ဘူးသီးတောင်ရေကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။(NN-7)

#လမ်းပန်းဆက်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.