English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်ကောင်စီသည် ၂ လအတွင်း ၇ခိုင်ပြည်သူ ၃၀၀ ကျော်ဖမ်းဆီးခဲ့ဟု AA ပြော
နိုဝင်ဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :3963
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာလ ၂၈ /၂၀၂၂
မြန်မာ စစ်ကောင်စီသည် ၂ လအတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ၇ခိုင်ပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ULA/AA ပြောခွင့်၇သူ ဦးခိုင်သုခက ပြောသည်။
ယနေ့
နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂ လအတွင်း ယနေ့အထိ ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ ၇ခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့သည်ဟု ဆိုသည်။
“အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန်ရှာဖွေဖမ်းဆီးမှုတွေကိုပြုလုပ်ခဲ့ပါတယ်”ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသူများတွင် အစိုးရဝန်ထမ်းများဖြစ်သည့် ပညာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများလည်း ပါဝင်သလို စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံလက်လုပ်လက်စားပြည်သူများလည်း ပါဝင်သည်ဟု သိ၇သည်။
ဖမ်းဆီးခံခဲ့၇သူများအနက် ၈၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပြီး နောက်ထပ်လည်း ဆက်လက်ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် အလွတ်သဘေ အပစ်ရပ်စဲထားကြပြီဖြစ်သည့်အတွက် AA သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.