English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဟု AA ပြော
နိုဝင်ဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :4305
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၂
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်ဆောင်ရွက်မှုကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ရပ်စဲခြင်းဖြစ်သည်ဟု AA ပြောခွင့်၇သူ ဦးခိုင်သုခက ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့၇ပါတယ်”ဟု ပြောသည်။
ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။
၇ခိုင်တွင် စစ်တပ်နှင့် AA တို့ တကျော့ပြန်ပြင်းထန်နေသည့်တိုက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
မစ္စတာဆာဆာကာဝါသည် စစ်တပ်နှင့် AA တို့ အပစ်ရပ်စဲရန် ယခင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့သည့်အတွက် အပစ်ရပ်စဲနိုင်ခဲ့ကြသည်ဟု သိ၇သည်။
ယခုတစ်ကြိမ်အပစ်ရပ်စဲခြင်းမှာ နိုင်ငံကြီးတစ်နိုင်ငံ၏ ဖိအားကြောင့်ရပ်စဲခြင်းဖြစ်သည်ဟု ပြောဆိုနေကြခြင်းမှာ မဟုတ်မှန်ဘဲ မည်သည့်နိုင်ငံ၏ဖိအားကြောင့်မျှ ယခုကဲ့သို့ အပစ်ရပ်ခြင်းမျိုးမဟုတ်ဟု ဆက်ပြောသည်။
“ဒါကတော့ လုံး၀မဟုတ်ဘူး။ ကျနော်တို့နေပြီးတော့ ဒီကိစ္စကို ပြည်သူလူထုတွေရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက်၊ ပြည်သူကို ရှေးရှူပြီးတော့ ဒီကိစ္စကို ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပြောသည်။
မည်သည့်အချိန်အထိ ယခုကဲ့သို့ အပစ်ရပ်စဲထားကြမည်ဆိုသည်ကို နှစ်ဘက်စလုံးက တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။
ယင်းသို့ အပစ်ရပ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှစတင်ကာ ၇ခိုင်တွင် စစ်ကောင်စီက ပိတ်ဆို့ထားသည့် စစ်တွေ-၇သေ့တောင်-ဘူးသီးတောင်ကို ပြေးဆွဲနေသော မေယုမြစ် ရေလမ်းကြောင်းနှင့် အငူမော်-မောင်တော ကားလမ်းမှာ ပြန်လည်သွားလာခွင့်ရပြီဖြစ်သော်လည်း ပိတ်ထားသည့် အခြားရေလမ်းနှင့် ကုန်းလမ်းများအား ပြန်ဖွင့်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - မစ္စတာ ဆာဆာကာဝါကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ကောင်စီဧည့်ဂေဟာ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့စဉ်။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.