English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေ-ပေါက်တော-မင်းပြားရေကြောင်းလိုင်း ဒီဇင်ဘာ ၁ ရက်နေ့ ပြန်ဖွင့်မည်
ဒီဇင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :9194
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/၂၀၂၂
ရခိုင်တွင် ပိတ်ထားခံရသည့် ရေကြောင်းလိုင်းများအနက် စစ်တွေ-ပေါက်တော-မင်းပြား ရေကြောင်းလိုင်း ကိုပြန်လည်ပြေးဆွဲခွင့်ရပြီဟု သိ၇သည်။
ဒီဇင်ဘာ (၁) ရက်နေ့မှစကာ စစ်တွေ-ပေါက်တော-မင်းပြား ရေကြောင်း လိုင်းကို ပြန်လည်ပြေးဆွဲတော့မည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း Facebook Page မှတဆင့်ထုတ်ပြန်သည်။
နိုဝင်ဘာ (၂၆) ရက်နေ့တွင် အေအေနှင့် စစ်ကောင်စီတို့အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက် နိုဝင်ဘာ (၂၈) ရက်နေ့တွင် စစ်တွေ - ၇သေ့တောင် - ဘူးသီးတောင်ရေလိုင်းကြောင်းကို ဦးစွာ ပြေးဆွဲခွင့် ရခဲ့ပြီးနောက် နောက်ထပ်ရေလမ်းကြောင်းတချို့ကို ထပ်မံဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် တခြားရေလမ်းကြောင်းများဖြစ်ကြသည့် စစ်တွေ-မြောက်ဦး၊ စစ်တွေ- မြေပုံ-ကျောက်ဖြူ ရေယာဉ်လိုင်းများကိုပြေးဆွဲခွင့်မရသေးဟု သိ၇သည်။
ရခိုင်မြောက်ပိုင်းမှရေလမ်းကြောင်းများကို ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ၏ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ရေးအခြေအနေကိုအကြောင်းပြကာ အောက်တိုဘာ (၁၈) ရက်နေ့မှ စတင်ပြီး ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ၇ခိုင်မှ ကုန်းလမ်းအများအပြားကိုလည်း သြဂုတ် (၁၃)ရက်မှစတင်ပိတ်ထားခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲခဲ့ပြီးဖြစ်သော်လည်း ပြန်ဖွင့်ပေးခြင်း မရှိသေးဘဲ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။
ယခုကဲ့သို့ ကုန်းလမ်း/ရေလမ်းများ ကာလကြာရှည်စွာ ပိတ်ထားခံရသည့် အတွက် ဒေသခံများမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ၊ ပညာရေးတို့ အဘက်ဘက်က ထိခိုက်နစ်နာမှုများရှိနေ၍ ပိတ်ထားသည့် လမ်းကြောင်းများကို အမြန်ဆုံးပြန်ဖွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။(NN-7)
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.