Preview

စစ်တွေ ရေချမ်းပြင်-အငူမော်ကူးတို့ကို နှစ်ရက်ပြန်ဖွင့်ပေးခဲ့ပြီး စစ်ကောင်စီ ပြန်ပိတ်

ဒီဇင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :4440
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၁/၂၀၂၂

စစ်တွေနှင့် မောင်တောအကြား မေယုမြစ်၀ကို ဖြတ်သန်းဆက်သွယ်သွားလာနေသည့် ရေချမ်းပြင်- အငူမော်ကူးတို့ကို စ်ကောင်စီက ၂ ရက်ဖွင့်ပေးပြီးပြန်ပိတ်လိုက်သည်ဟု သတင်းရရှိသည်။

က္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက် အလွတ်သဘောအပစ်ရပ်ပြီးနောက်တွင်စစ်တွေ ရေချမ်းပြင်-အငူမော်ကူးတို့ဆိပ်ကို နိုဝင်ဘာ ၂၈ရက်နှင့် ၂၉ ရက်နှစ်ရက်ဖွင့်ပေးခဲ့သည်။

ဒေသခံ တစ်ဦးက နိုဝင်ဘာ၃၀ ရက် မနေ့ကစပြီး ရေချမ်းပြင်-အငူမော်ကူးတို့ကို ပြန်လည် ပိတ်လိုက်တယ်လို့ ပြောတယ်။ အဓိကတော့ တပ်ထိန်းဂိတ်ကို ပိတ်ထားတော့ စစ်တွေမြို့ထဲ ဝင်ထွက်သွားလာလို့မ၇သေးတဲ့အတွက် ပိတ်တာလို့ ပြောတာပါပဲဟု ပြောသည်။

စစ်တွေမြို့နယ် ရေချမ်းပြင်-အငူမော် ကူးတို့ဆိပ်တွင်ဆိုက်ကပ်ခွင့်မပြုဘဲ ပြန်လည် ပိတ်ခိုင်းထားခြင်းမှာစစ်တွေမြို့အဝင်အထွက် တပ်ထိန်းဂိတ်ကို ပိတ်ထားဆဲဖြစ်သောကြောင့်ဟုစစ်ကောင်စီမှအကြောင်းကြားလာကြောင်း ရေချမ်းပြင်-အငူမော်ကူးတို့ပြေးဆွဲနေသူများကပြောသည်

"တပ်ထိန်းဂိတ်မဖွင့်သေးလို့ ဆွဲခွင့်မရသေးပါဘူး။အရင်နှစ်ရက်က ကူးတို့ဆွဲခွင့်၇တုန်းကလည်း ရေချမ်းပြင်မှာကပ်ခဲ့၇ပါတယ်။ ဒါပေမယ့် တပ်ထိန်းဂိတ်ကဖွင့်မပေးပါဘူး။ အခုက ရေချမ်းပြင်ကိုလည်းကပ်ခွင့်မ၇တော့ပါဘူး။ တပ်ထိန်းဂိတ်ဖွင့်မှပဲ ပြန်ပြီးဆွဲခွင့်ပေးမယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၈၊ ၂၉ နှစ်ရက်ပဲဆွဲလိုက်၇ပါတယ်။ ဒါပေမယ့်တပ်ထိန်းဂိတ်ပိတ်ထားတော့ ခရီးသည်တွေမှာကိုယ့်နည်းကိုယ့်ဟန်နဲ့ဝင်ရပါတယ်။ အစစ်အဆေးတွေကတော့ အရင်တုန်းကထက်ပိုပြီးတော့တောင်တင်းကျပ်သွားပါသေးတယ်"ဟုပြောသည်။

ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က အပစ်ရပ်ပြီးနောက် နိုဝင်ဘာလ ရက်မှစတင်ပြီး ရေချမ်းပြင်- အငူမော်-မောင်တောလမ်းကို ဖွင့်ပေးခဲ့သလို စစ်တွေ-၇သေ့တောင်-ဘူးသီးတောင်ရေကြောင်းလိုင်းများကို ပြန်လည်ဖွင့်ပေးခဲ့သည်။

နှစ်ဖက်အပစ်ရပ်ပြီးနောက် ရေချမ်းပြင်-အငူမော်ကူးတို့ကိုပြန်လည်ပြေးဆွဲခဲ့ရာတွင်လည်း ပါဒိလိတ်ချောင်းအ၀တွင် နေဗီမှခရီးသည်မှတ်ပုံတင်များနှင့် ပါလာသည့်ကုန်ပစ္စည်းများကိုမွှေနှောက်စစ်ဆေးမှုများရှိပြီး ရေချမ်းပြင်ကူးတို့ဆိပ်တွင်လည်းစစ်တပ်မှ ထပ်မံစစ်ဆေးသေးကြောင်း ဒေသခံများကပြောသည်။

 ထို့အပြင်ဘိလပ်မြေအိတ်များကိုလည်း သယ်ယူခွင့်မပေးကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

 " ကူးတို့ကမနေ့ကလည်းမထွက်ရဘူး။ ဒီနေ့လည်းမထွက်၇ဘူး။ စစ်တပ်ကမလာနဲ့လို့ ပြောထားပါတယ်။ ရေချမ်းပြင်မှာနေဗီကစစ်တယ်၊ ကုန်းပေါ်မှာလည်းစစ်တပ်ကစစ်ပါသေးတယ်။ ဘိလပ်မြေတွေကိုလည်း မသယ်၇ဘူးလို့ပြောပါတယ်။အစစ်အဆေးကတော့ ပစ္စည်းပါလူပါစစ်ပါတယ်။ အဆင်းလည်းစစ်တယ်၊အတက်လည်းစစ်ပါတယ်"ဟုပြောသည်။

၇ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့အကြား အလွတ်သဘော အပစ်ရပ်စဲထားပြီဖြစ်သော်လည်း ရေလမ်းကုန်လမ်းများကို ဆက်လက်ပိတ်ထားပြီးစစ်ဆေးမှုများကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်နေသည့် ပြည်သူများအနေဖြင့် အထူစိတ်ပျက်နေကြသည်ဟု၎င်းင ပြောသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.