Preview

တိုက်ပွဲများ ခေတ္တယာယီရပ်တန့်ထားစဉ် အေအေတပ်သားများက ပြည်သူများအား စပါးကူညီရိတ်သိမ်းပေး

ဒီဇင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :7911
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ /၂၀၂၂

ရခိုင်တွင်နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ အစိုး၇ အထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါမှ ကြားဝင် စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် (HumanitarianPause)ဖြင့် နှစ်ဖက်တိုက်ပွဲများခေတ္တယာယီ ရပ်တန့်ထားစဉ် ပြည်သူများနှင့် ပူးပေါင်းကာ ရက္ခိုင့်တပ်တော်(AA)တပ်သားများကစပါးကူညီရိတ်သိမ်းပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၁ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။ 

နိုဝင်ဘာ(၂၆) ရက်နေ့မှစကာ နှစ်ဖက်သဘောတူခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထဲမှတစ်ခုဖြစ် သော ယခုရက်များအတွင်း အချိန်မီ စပါးရိတ်သိမ်းရန်အရေးတကြီး ချက်ချင်းလိုအပ်နေသည့် စပါးကွင်းများမှ ရင့်မှည့်စပါးများကိုရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ဒေသခံပြည်သူ လူထုများနှင့်ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များ ဖြစ်နေသောကြောင့်ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသောစပါးခင်းများကိုရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များက စပါးခင်းပိုင်ရှင်များကိုယ်စား လည်းကောင်း စပါးရိတ်သိမ်းခြင်းများကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

စပါးကူညီရိတ်သိမ်းမှုများပြုလုပ်ခဲ့သည့်မြို့နယ်များမှာဘူးသီးတောင်မြို့နယ် (ပြင်ရှည်ကျေးရွာ)၊၇သေ့တောင်မြို့နယ် (မောင်ဖြူရွာ၊ မညင်းတောင်ရွာ၊ ကုန်တန်းရွာ၊ ခရုချောင်းရွာ၊ရီကောင်းချောင်းရွာ)၊ ပုဏ္ဏားကျွန်းမြို့နယ်(ယာချောင်းရွာ၊ ဆင်အင်းကြီးရွာ၊ငှက်ကြီးကျွန်းရွာ၊ ပဒေသာရွာ၊ ရီပေါက်ချောင်းရွာ)၊ ကျောက်တော်မြို့နယ်(သလူချောင်းရွာ၊ ရုပ်သားရွာ၊ နဂရာရွာ)၊ မြောက်ဦးမြို့နယ်(ဂူတလုံးကျ (မြို)ရွာ)နှင့် မင်းပြားမြို့နယ် ရာမောင်တံတားအနီး တစ်ဝိုက်တို့တွင် ဖြစ်ကြောင်းသိ၇သည်။ 

ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသေးသောစပါးခင်းများကိုလည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့မှ ပြည်သူများနှင့်အတူဆက်လက် ကူညီလုပ်ဆောင်သွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းအားအာရက္ခ ဒေသအတွင်းနေ ပြည်သူလူထုများ၏ လတ်တလော စားဝတ်နေရေး၊သွားလာရေး၊ ဆေးဝါး အကျပ်အတည်း၊ အခက်အခဲများနှင့် ပြည်သူလူထု၏အကျိုးစီးပွားကိုမဏ္ဍိုင်ပြု၍ ယခုကဲ့သို့ ယာယီအပစ်ရပ်တန့်ရခြင်းဖြစ်ပြီးရက္ခိုင်ပြည်သူ့အစိုး၇အနေဖြင့် ယာယီအပစ်အခတ်ရပ်တန့်နေသော ကာလ၌ ပြည်သူလူထု၏ ဝန်ဆောင်မှု များကို ယခင်ကာလများနည်းတူအကောင်းဆုံးသောနည်းလမ်းများဖြင့် ပြည်သူ့အကျိုးအားဆက်လက်သယ်ပိုး ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ရေးသားထားသည်။(NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.