Preview

မြန်မာစစ်တပ်ကလူသတ်ပြီးမီးရှို့သွားခဲ့သည့် ဆင်အင်းကြီးကျေးရွာမှ နေအိမ်များပြန်လည်တည်ဆောက်ရန် အထောက်အပံ့များလိုအပ်နေ

ဒီဇင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :4793
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ /၂၀၂၂

 

စစ်ကောင်စီတပ်၏ ရွာသား ဦးကို သတ်ဖြတ်ပြီး ရွာထဲရှိ အိမ်တချို့ကို  မီး၇ှို့မှုကြောင့် ပျက်စီးသွားသည့် ဆင်အင်းကြီးကျေးရွာမှ နေအိမ် လုံးကို ပြန်လည်တည်ဆောက်ရန် အထောက်အပံ့အကူအညီများလိုအပ်နေကြောင်းသိ၇သည်။

 

ယခုအခါတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ ယာယီအပစ်ရပ်စဲထား၍ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ခဲ့ကြ၇သည့် ရွာသားများမှာ ကျေးရွာသို့ပြန်ရောက်နေပြီဖြစ်ကြသော်လည်း  အိမ်များ မီးရှို့ခံ၇သူများမှာ နေစရာနေအိမ်မရှိ၍  အခက်အခဲဖြစ်နေကြသည်ဟု င်အင်းကြီးကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

 

"အခုကတော့ အသိတွေအိမ်မှာနေနေကြ၇ပါတယ်။ ရွာမှာက ရွာသား ၇၀ ရာခိုင်နှုန်းလောက်ကတော့ ရောက်နေကြပါပြီ။ မီးလောင်သွားတဲ့ အိမ်ကိုပြန်တည်ဆောက်ဖို့ကတော့ မလွယ်ပါဘူး။ ငွေကြေး မတတ်နိုင်တဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက ၇ခိုင်အဖွဲ့အစည်း တစ်ခုနေပြီး အိမ်မီးလောင်တဲ့ သူတွေအတွက်တော့ ကျပ်တစ်သိန်းထောက်ပံ့ထားတာရှိပါတယ်။ ဒါပေမယ့် ထောက်အပံ့တွေက အရမ်းလိုပါသေးတယ် ကျနော်တို့မှာ တစ်သက်ရှာထားသမျှတွေလည်း ပါသွားပြီလေ။ သစ်သားအိမ်မဟုတ်ရင်တောင် ဝါးအိမ်လောက် ဆောက်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ အခုက အိမ်ဆောက်ဖို့ ထောက်ပံ့ကြေးလည်းမ၇သေးတော့ အခက်အခဲရှိနေပါတယ်" ဟု ၎င်းက ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်၊ ညနေလေးနာရီခန့်  ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီးကျေးရွာထဲကို  စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး အသက် ၉၀အရွယ် အဖွားအို တစ်ဦးအပါအဝင် ရွာသား ဦးအားသတ်ဖြတ်ပြီး အိမ် လုံးကို  မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။

 

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ခံခဲ့ကြ၇သည့် ဆင်အင်းကြီးကျေးရွာအား  ပြန်လည်နလန်ထူလာနိင်စေရန်အတွက် ဝိုင်းဝန်းအကူအညီပေးစေလိုကြောင်း ၎င်းဖြစ်ရပ်တွင် မျက်မြင်ကိုယ်တွေ့ ခံစားခဲ့၇သည့် ဆင်အင်းကြီးကျေးရွာသားတစ်ဦးကပြောသည်။


"ရွာက လောလောဆယ်မှာ အရင်အတိုင်းတော့ မစညကားနိုင်တော့ဘူး။ အခုက ဆန်တွေကို ရိတ်ဖို့လာရုံလောက်ပဲရှိပါတယ်။ ရွာကိုပြန်လာကြပေမယ့် မိသားစုဆွေမျိုးအစုံတော့မပါကြသေးဘူး။ ကြောက်လန့်နေကြတာတွေလည်းရှိသေးတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ထိခိုက် ခံစားနေကြ၇ပါတယ်။ ဒါကြောင့် အားလုံးဝိုင်းဝန်းကူညီပေးကြရင် ကောင်းပါမယ်" ဟုပြောသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီးကျေးရွာသည် နေအိမ် ၁၂၀ ကျော်ရှိသောကျေးရွာကြီး တစ်ခုဖြစ်ကြောင်းလည်းသိ၇သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာအကြား ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်၏ရိက္ခာတင်ကားအချို့ကို အေအေကမိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်က ဆင်အင်းကြီးကျေးရွာထဲကို ဝင်ရောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ကြသူများမှာ အသက် ၉၂ နှစ်အရွယ် ဒေါ်မခင်သိန်းမိခင်၊ အသက် ၄၁ နှစ်အရွယ် မောင်မောင်သိန်း၊ အသက် ၃၈ နှစ်အရွယ် မောင်စံလှ၊ အသက် ၅၅ နှစ်အရွယ် ဦးခင်မောင်၊ အသက် ၅၆ နှစ်အရွယ် ဦးမှဲ့နီ၊ အသက် ၆၅ နှစ်အရွယ် ဦးဇံ ဦးမောင်ကျော်သိန်း၊ အသက် ၅၀ အရွယ် ဒေါ်မေနုနဲ့ အသက် ၆၀ အရွယ် အမည်မသိ အမျိုးသားတစ်ဦး ဖြစ်ကြသည်။

 

၎င်းပြင် င်းအနီးအနားရှိကျေးရွာများကို စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းနှင့် ကွန်းတောင်ဘူတာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်တို့က လက်နက်ကြီးများဖြင့် လူနေကျေးရွာများကိုလည်း ပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် ဆင်အင်းကြီး အပါအဝင် အနီးအနားရှိ ကျေးရွာများမှ လူဦးရေထောင်နှင့် ချီပြီးလည်း  ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.