English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ဘူးသီးတောင်မြို့နယ်တွင် တောင်ပေါ်သို့ နွားရှာသွားရာမှ မိုင်းနင်းမိပြီး မူဆလင်လူငယ်တစ်ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :6867
ရခိုင် သတင်း
နိရဉ္စရာ၊ ဒီဇင်ဘာ ၃/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်တောင်ရွာကျေးရွာမှ မူဆလင်လူငယ်တစ်ဦး ယမန်နေ့က တောင်ပေါ်သို့ နွားရှာသွားရာမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ဂူတာပြင်တောင်ရွာကျေးရွာနေ မောင်အုစ်ခန်ဂေါ်နီ အသက် (၁၈ နှစ်)ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် ညနေ သုံးနာရီခွဲခန့်က ရွာအနီးရှိ တောင်ပေါ်တွင် လွတ်ထားသည့် ၎င်း၏နွားများကို ရှာနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဂူတာပြင်ရွာကျေးရွာသားတစ်ဦးကပြောသည်။
"တောင်ပေါ်ကို နွားယူဖို့သွားတာပေါ့နော်။ သူတို့နွားကျောင်းထားတဲ့နွားတွေကိုပါ။ အခုတော့ မောင်တောဆေးရုံကို ရောက်နေပါပြီ။ ခြေမျက်စိအောက်က ပွင့်ထွက်သွားပါတယ်။ အရင်ဆုံးဘူးသီးတောင်ဆေးရုံကို ရောက်ခဲ့ပြီးမှ မောင်တောဆေးရုံကိုရောက်သွားတာပါ။ အသက်အန္တရာယ်ကတော့စိုးရိမ်စရာမရှိပါဘူး" ဟုပြောသည်။
မိုင်းနင်းမိ၍ ၎င်းမောင်အုစ်ခန်ဂေါ်နီ၏ ညာဖက်ခြေမျက်စိနှင့် ဘယ်ဖက်ခြေသလုံးအောက်တို့မှာ ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး လက်ရှိတွင် မောင်တော ဆေးရုံ၌ဆေးကုသမှုခံယူနေကြောင်း သိ၇သည်။
၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်၀တို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြေမြှပ်မိုင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတို့ကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာ၇သူ ၃၀ ကျော်အထိရှိခဲ့ကြောင်း သိ၇သည်။
(NN-8)
ဓာတ်ပုံ-facebook
#မြေမြုပ်မိုင်း#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.