English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
၁ လခန့်ကြာပိတ်ထားသည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို ယနေ့ ပြန်လည်ဖွင့်လှစ်
ဒီဇင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :2848
ရခိုင် သတင်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/၂၀၂၂
စစ်ကောင်စီတပ်က ၁ လခန့်ကြာပိတ်ထားသည့် ၇ခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို ယနေ့ညနေတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု ဒေသခံများက ပြောသည်။
အဆိုပါလမ်းကို ယနေ့ ဒီဇင်ဘာလ ၃ ရက် ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယနေ့ ညနေ ၄ နာရီခွဲခန့်တွင်လည်း စစ်တွေဘက်မှထွက်ခွာလာသည့် ကုန်ကား ၂ စီးကို ပုဏ္ဏားကျွန်းမြို့မရဲစခန်းရှေ့အရောက်တွင် ရဲစခန်းရှေ့၌ပိတ်ထားသည့် သံဆူးကြိုးများကို ဖွင့်လှစ်ကာ သွားခွင့်ပေးနေသည်ကို တွေ့ရကြောင်း မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။
“ပုဏ္ဏားကျွန်းမှာတော့ ရဲစခန်းရှေ့မှာပဲ ပိတ်ထားတာလေ။ အဲဒါကို စစ်တွေဘက်ကထွက်လာတဲ့ ကုန်ကား ၂ စီးက အရင် ဆုံးဖြတ်ခွင့်၇ပြီးတဲ့နောက် အခုလို ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့တွင် သောင်တင်ပိတ်မိနေသည့် ကုန်ကားများသည်လည်း စစ်တွေဘက်သို့ စတင်ထွက်ခွာနေကြပြီဟုလည်း ဆက်ပြောသည်။
အဆိုပါစစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် စစ်ကောင်စီကား ၁ စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်မှုအပြီး ယင်းနေ့မှစတင်ကာ စစ်ကောင်စီဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အသွားအလာကို လုံး၀ကန့်သတ်ပိတ်ပင်လိုက်သည့်အတွက် ပြည်သူများတွင် အကြီးအကျယ် ဒုက္ခရောက်ခဲ့၇ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် AA တို့ နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်၌ စစ်ကောင်စီဘက်က ပိတ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း တဖြည်းဖြည်း ဖွင့်ပေးလျက်ရှိသည်။
ယနေ့ နံနက်ကလည်း ၃ လကျော်ကြာပိတ်ထားသည့် ကျောက်တော်-ပလက်၀ရေကြောင်းလိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ဖွင့်ပေးခဲ့သည်။
အလားတူ စစ်တွေ-ပေါက်တော-မြောက်ဦး-မင်းပြား ရေကြောင်းလိုင်းများ ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
စစ်တွေ ရေချမ်းပြင်-အငူမော်ရေကြောင်းလိုင်းကိုမူ ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒီဇင်ဘာလ ၁ ရက်တွင် ထပ်မံ၍ ပြန်လည်ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းယနေ့ ညနေပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ဖြတ်သန်းသွားလာနေကြသည်ကို တွေ့၇စဉ်။
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.