Preview

ကျောက်တော်-ပလက်၀ကုလားတန်မြစ် ရေကြောင်းလိုင်းနိုင်ငံပိုင်ဇက်ရေယာဥ်ပြန်လည်ပြေးဆွဲ

ဒီဇင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :6774
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၃/ ၂၀၂၂

ကျောက်တော်- ပလက်၀ ကုလားတန်မြစ်ရေလမ်းကြောင်းလိုင်းကို ယနေ့ ဒီဇင်ဘာ ၃ရက်နေ့တွင် ြန်ဖွင့်လိုက်ပြီး

မြန်မာ့ရေကြောင်းမှ ဇက်ရေယာဥ်တစ်စီး စတင် ပြေးဆွဲခဲ့သည်ဟုဒေသခံများမှ တစ်ဆင့်သိ၇သည်။

၎င်းဇက်ရေယာဉ်သည် ယနေ့ဒီဇင်ဘာလ ၃ရက်၊မနက် ၈ နာရီ အချိန်ခန့်က ကျောက်တော်မြို့ ဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်၀သို့ ထွက်ခွာလာခဲ့ကြောင်း၊ ပလက်၀ဆိပ်ကမ်းသို့ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း   ပလက်၀မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့ ဇက်ရေယာဉ်တက်လာပါတယ်။ညနေ ၃ နာရီမှာ ပလက်၀ဆိပ်ကမ်းကို ရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ်လမ်းဖွင့်ပေးတယ်ဆိုတော့ ကောင်းပါတယ်။ အရင်လို တစ်ပတ်မှာနှစ်ရက်လောက် ဇက်ရေယာဉ် က်ပေးတယ်ဆိုရင် ဒီဘက်ကလူတွေစားဝတ်နေရေးအတွက်အဆင်ပြေမယ်။ ကောင်းပါတယ်။သက်သာတဲ့ ဈေးနူန်းနဲ့ ဈေးရောင်းဈေးဝယ်ခွင့် ရရင် ကျေနပ်ပါပြီ" ဟု ပြောသည်။

ကျောက်တော်- ပလက်၀ရေလမ်းကြောင်းကို ယနေ့ပြန်ဖွင့်ပေးသော်လည်း မြန်မာ့ရေကြောင်းမှဇက်ရေယာဥ်တစ်စီးသာ သွားလာခွင့်ပြုပြီး ကျန် ဒေသခံပြည်သူများ၏ခရီးသည်တင်စက်လှေများ၊ ကုန်တင်စက်လှေများကို သွားလာခွင့်ကိုဆက်လက်ပိတ်ပင်ထားသေးသည်ဟုသိ၇သည်။

"မြန်မာ့ရေကြောင်းကဇက်တစ်စီးပဲသွားလာခွင့်ရှိတယ်။ ဒေသခံတွေရဲ့ စက်လှေတွေကိုသွားလာခွင့်ပိတ်ထားတယ်လို့သိ၇တယ်။ စက်လှေတွေသွားလာခွင့်မ၇သေးဘူး ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနဲ့ ခရီးသွားလာလွယ်ကူအောင်နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေးစေလိုပါတယ် " ဟု ၎င်းပလက်၀မြို့မှမြို့ခံတစ်ဦးက ပြောသည်။

ကျောက်တော်- ပလက်၀ ကုလားတန်မြစ်ရေလမ်းကြောင်းကို ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ပြီး လုံခြုံရေးကို အကြောင်းပြကာ စစ်ကောင်စီက ဖွင့်ပေးလိုက်၊ ပြန်ပိတ်လိုက်ဖြင့်ပြုလုပ်ထားပြီး လွန်ခဲ့သည့်၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြန်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း တိုက်ပွဲများတကျော့ပြန် ဖြစ်လာသဖြင့် ၎င်း ရေလမ်းကြောင်းလမ်းကို ပြီးခဲ့သည့်သြဂုတ်လတွင် ထပ်မံပိတ်ထားခဲ့သည်။ ယနေ့ ဒီဇင်ဘာ ၃ရက်နေ့တွင် ပြန်လည် ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု သိ၇သည်။(NN-12)

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.