Preview

မောင်တောတွင် မိုင်းနင်းမိ၍ နောက်ထပ် လူငယ်တစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွား

ဒီဇင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :2156
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၃/  ၂၀၂၂

 

ယမန်နေ့က ဘူးသီးတောင်မြို့နယ်တွင်မွတ်ဆလင် လူငယ်တစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် မောင်တောမြို့နယ်တွင်ဒေသခံမြိုလူငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက် တစ်ဖက်ပြတ်သွားသည်ဟု သတင်းရရှိသည်။

 

ယနေ့ မိုင်းနင်းမိ၍ခြေထောက်တစ်ဖက်ပြတ်သွားသူမှာမောင်တောမြို့နယ်၊ ဝက်ကျိန်းရွာသစ် (မြိုရွာ)မှ  ကိုကိန်းပေါ် (၁၈)နှစ်ဖြစ်သည်ဟု သိ၇သည်။

 

သူသည်ယနေ့ဒီဇင်ဘာလ ၃ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်၌ မင်းကြီးရွာသစ်မြောက်ဘက်၊ဝက်ကျိန်းဘုရားသွားလမ်း၊ဝက်ကျိန်းရွာသစ်၏ တောင်ဖက်ရှိ တောင်ပေါ်သို့သစ်ခုတ်ရန်သွားရာမှ မြေမြှပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟုသိ၇သည်။

 

"ရွာကလူတွေနဲ့သစ်သွားခုတ်တာလို့တော့ပြောတယ်။တောင်ပေါ်ရောက်တော့မြေမြှပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ၇သွားတာ။ ဘယ်ခြေထောက် တစ်ဖက်ပြတ်သွားတယ်လို့သိ၇တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါမိုင်းနင်းမိ၍ပေါက်ကွဲမှုဖြစ်ကာ ကိုကိန်းပေါ်၏ ဘယ်ခြေထောက် ခြေချင်းဝတ်နားမှ ပြတ်ထွက်သွားပြီးဒဏ်ရာအပြင်းအထန်ရရှိသွားသည့်အတွက် ကိုကိန်းပေါ်ကို မောင်တောမြို့ ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိ၇သည်။

 

အဆိုပါသတင်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောမြို့နယ်မှူးရုံးနှင့်ထွေအုပ်ရုံးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

 

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ဂူတာပြင်တောင်ရွာကျေးရွာမှ မူဆလင်လူငယ်တစ်ဦးဖြစ်သူ မောင်အုစ်ခန်ဂေါ်နီ အသက်(၁၈)နှစ်သည်ာင်ပေါ်သို့နွားရှာသွားရာမှ မိုင်းနင်းမိပြီး ခြေထောက်တွင်  ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိ၇သည်။( NN-12)

(ဓာတ်ပုံ- အင်တာနက်)


#မြေမြုပ်မိုင်း#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.