နိရဉ္စရာ၊ ဒီဇင်ဘာ ၄/၂၀၂၂
သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့တွင်နိုဝင်ဘာ ၂၇ မှ ၂၈ ရက်နေ့ထိ ပြုလုပ်ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် တောင်အာရှနိုင်ငံများ နိုင်ငံများ ကရာတေးပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ချ် နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် ကရာတေးဆရာကြီးဦးသိန်းမောင် ပ၇ဟိတကျောင်းမှ ရွှေ ၂ ခု၊ ငွေ၃ ခုနှင့် ကြေးတံဆိပ် ၁၀ ခုရရှိခဲ့သည်ဟု သတင်းရရှိသည်။
၎င်းပြိုင်ပွဲတွင်၇ခိုင်အပါအဝင် လူမျိုးစု ကျောင်းသား၊ကျောင်းသူ၈ ဦး အတန်းလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရှိ၇သည်။
ရွှေတံဆိပ်များကို ဆရာကြီးဦးသိန်းမောင်နှင့် ဒေါ်ဇောဦးဖြူတို့သားကြီးဖြစ်သူမောင်သိန်းကျော်ဦးနှင့် မြိုလူငယ်တစ်ဦးဖြစ်သည့် RuitumMro ကရရှိခဲ့သည်။
ကရာတေးဆရာကြီးဦးသိန်းမောင်က “ကျွန်တော်တို့ကျောင်းကမိန်းကလေးက ၅ ယောက်၊ ယောကျာ်းလေးက၃ ယောက်က ၁၅နှစ်နဲ့ ၁၈ နှစ်အထဲမှာ ဝင်ပြိုင်ခဲ့ကြပါတယ်။ အများစုကတော့ တစ်ယောက်ချင်းနဲ့သုံးယောက်ကာတာ (အလှပြပြိုင်ပွဲ)မှာ ဝင်ပြိုင်ကြခဲ့ကြတာပါ။ ရွှေ ၂၊ ငွေ ၃နဲ့ ကြေး ၁၀ ခုရရှိခဲ့ပါတယ်” ဟု ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်သူ၊ ကျောင်းသားများမှာ မနုမေ၊ မရီတုန်း ၊မတုန်ပုန်း ၊ မဆန်းနုယဉ်၊ မဖြူဝင်းစိန်၊ မောင်သိန်းကျော်ဦး၊ မောင်ရာဟိန်းနှင့်မောင်ကျော်ဆန်းဦးတို့ဖြစ်ကြပြီး ရခိုင်၊ မာရမာနှင့် မြိုကျောင်းသားကျောင်းသူများဖြစ်ကြောင်း သိ၇သည်။
၎င်းကရာတေးပြိုင်ပွဲကိုSouth Asian Karate Federation (SAKF) ကဦးဆောင်ကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကရာတေးအသင်းများမှလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။၎င်းပြိုင်ပွဲသို့ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘူတန်၊ မော်လဒိုက်၊ သီရိလင်္ကာနှင့်ဘင်္ဂလာဒေ့ရှ်တို့မှ ကရာတေးသမားများက အတန်းလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
စစ်တွေမြို့ဇာတိ ကရာတေးဆရာကြီး ဦးသိန်းမောင်သည်၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် အရေးအခင်းအတွင်း ဘင်္ဂလာဒေ့ချ်နိုင်ငံကိုထွက်ခွာလာသူဖြစ်ပြီး ရွာတော် (ဘင်ဒရိုဘင်)ခရိုင် လမားမြို့တွင် ပညာသင်ရန် ခက်ခဲနေကြသည့် တောင်တန်းဒေသမှ ကလေးငယ်များအတွက် ပရဟိတစာသင်ကျောင်းတစ်ကျောင်းကိုအီတလီ အန်ဂျီအိုတစ်ခုကို ကူညီယူပြီး တည်ထောင်ထားသည်ဟု သိ၇သည်။