Preview

ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့စ်ဘဇားတွင်ကျင်းပမည့် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲသို့ မြန်မာစစ်ကောင်စီမှစစ်သင်္ဘောတစ်စီးစေလွှတ်

ဒီဇင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :1799
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၄/ ၂၀၂၂

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့ (ဖလောင်းချိတ်မြို့)တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်က ပထမဆုံးအကြိမ်ကျင်းပမည့် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (Inter- national Fleet Review-IFR 2022 ) သို့ တက်ရောက်ရန် မြန်မာစစ်ကောင်စီမှ စစ်ရေယာဉ်(ကျန်စစ်သား) ကို စေလွှတ်ထားကြောင်း သတင်းရရှိသည်။

၎င်းတွေ့ဆုံပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်နေ့ထိ ကော့စ်ဘဇားမြို့နှင့်ပင်လယ်ကမ်းခြေတွင် ပြုလုပ်သွားမည်ဟု သိ၇သည်။

တပ်မတော်(ရေ) မှ ဗိုလ်မှူး ကြီး သိန်းစိုး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ ပါဝင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည်ဒီဇင်ဘာ ၁ ရက် ံနက် ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှ ထွက်ခွာသွားခဲ့သည့် စစ်ကောင်စီမြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။  

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (Inter- national Fleet Review- IFR 2022 )သည်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာနယ်ပယ်တွင်၎င်းတို့၏ စွမ်းပကား၊ ရေတပ်သံတမန်ရေးရာ၊ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပြသရန်နှင့် ကမ္ဘာ့ရေတပ်အတွက်စံပြပလက်ဖောင်း တစ်ခုအဖြစ်လည်း ဆောင်ရွက်ရန် ရည်ရွယ်သည်ဟု ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်ရေတပ်က ပထမဆုံးအကြိမ်ကျင်းပမည့် နိုင်ငံတကာစစ်ရေယာဉ်များ တွေ့ဆုံပွဲသို့ မိတ်ဖက်နိုင်ငံ၅၅ နိုင်ငံကျော်မှ ရေတပ်သင်္ဘောများ၊ကိုယ်စားလှယ်များ ရေတပ်ဦးစီးချုပ်များကို၎င်းတို့၏ ဇနီး၊ ဝန်ထမ်းများနှင့်အတူ အခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြားထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုပြုလုပ်မည့် ပထမအကြိမ် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲတွင်  နိုင်ငံတကာရေယာဉ်စုအား ပြန်လည်ဆန်းစစ်ခြင်းသည် ယေဘုယျအားဖြင့်ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် အထူးအခွင့်အရေး ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း ကမ္ဘာ့ရေတပ်များနှင့် အပြန်အလှန်ဆက်ဆံရန်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် ခရီးသွားလုပ်ငန်းနှင့်အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ကြောင်း ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ် (BN) သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ့ဖခင်ကြီး BangabandhuSheikh Mujibur Rahman နှစ် (၁၀၀) မွေးနေ့ပြည့်မြောက်အခမ်းအနားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးရွှေ၇တုအထိမ်းအမှတ်အဖြစ်  ပထမဆုံးအကြိမ်လက်ခံကျင်းပသွားခြင်းဖြစ်သည်ဟု သိ၇သည်။


(ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်ရေတပ်)

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.