နိရဥ္စရာ၊ဒီဇင်ဘာ ၄/၂၀၂၂
မောင်တောကနေ စစ်တွေကို ဆက်သွယ်ထားသည့် လူသွားလူလာများသည့် အငူမော်-မောင်တောကားလမ်းကိုယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြန်လည် ဖွင့်ပေးလိုက်ကြေ
ယနေ့နံနက်ပိုင်းကစကာ အငူမော်-မောင်တောကားလမ်းပေါ်ရှိ အငူမော်ဂိတ်နှင့်အင်းဒင်ဂိတ်တို့က သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်ကြော
"ဒီနေ့ ဖွင့်ပါပြီ။အင်းဒင်ဂိတ်ရော၊ အငူမော်ဂိတ်ရော ဖွင့်ပေးပါပြီ။ မနက်ကနေ စစ်တွေလမ်းဖွင့်ရင်တော့ဖွင့်တော့မလားဆိုပြီး အခြေအနေတွေ သွားကြည့်နေတာ။ ကားတွေတော့သွားတာမတွေ့ဘူး။ ဆိုင်ကယ်တွေကိုတော့ အကျိုးအကြောင်းပြောသွားရင်ခွင့်
အဆိုပါ အငူမော်-မောင်တောကားလမ်းကို ၇သေ့တောင်မြို့နယ်၊ ဒုံးပိုက် ကျေးရွာနှင့်ချိန်ခါလီကျေးရွာအနီး ကားလမ်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီက သြဂုတ်လ ၁၃ ရက်နေ့ကတည်းက (၄) လကျော်ကြာ ပိတ်ထားခဲ့သည်။
နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ အလွတ်သဘော အပစ်ရပ်ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင်၂ ရက်တာ ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် ထပ်မံပိတ်ထားလိုက်ပြီး ၆ ရက် ခန့်အကြာတွင် ပြန်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
မောင်တော-အငူမော်ကားလမ်းသည် လူသွားလူလာများပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး အရလည်း အရေးပါသောလမ်းဖြစ်သဖြင့် ဒေသခံပြည်သူများအဖို့ အထူးအခက်အခဲနှင့်အကျပ်အတည်းဖြစ်ခဲ့ကြ၇သည်။ ထိုသို့ လမ်းကို ပိတ်ဆို့ထားသဖြင့် ၇သေ့တောင်၊ဘူးသီးတောင် နှင့် မောင်တောတို့မှ စစ်ဘေးရှောင်များသည်လည်းစားနပ်ရိက္ခာအခက်အခဲကို အကြီးအကျယ် ရင်ဆိုင်ခဲ့ကြ၇ကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် နိုဝင်ဘာလ၂၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် AA တို့ နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲပြီးနောက်၇ခိုင်၌ စစ်ကောင်စီဘက်က ပိတ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်းတဖြည်းဖြည်း ဖွင့်ပေးနေခြင်း ဖြစ်သည်။
ယမန်နေ့က၃ လကျော်ကြာပိတ်ထားသည့် ကျောက်တော်-ပလက်၀ရေကြောင်းလိုင်
စစ်တွေ-ပေါက်တော-မြောက်ဦး-မင်း
စစ်တွေ-ရေချမ်းပြင်-အငူမော်ရေကြောင်းလို