Preview

ပြည်သူများသွားလာနေသည့် မင်းပြား-မြေပုံလမ်းကို စစ်ကောင်စီတပ်မှ ဖွင့်မပေးသည့်အပြင် အင်အားတိုးချ

ဒီဇင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :5757
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၄/၂၀၂၂


ရက္ခိုင့်တပ်တော်အေအေနှင့် စစ်ကောင်စီတပ်တို့အပစ်အခတ်ရပ်ပြီးနောက်(၉) ရက်ခန့်အကြာတွင် ၇ခိုင်မှ ပိတ်ထားသည့် ကုန်းလမ်း ရေလမ်းတချို့ကိုစစ်ကောင်စီတပ်မှ ဖွင့်ပေးထားသော်လည်း မင်းပြား-မြေပုံကားလမ်းကိုဖွင့်မပေးသည့်အပြင် အင်အားတိုး ချပြီး ပြည်သူများထံက ွေကြေး တောင်းခံမှုလည်း ရှိနေကြောင်းဒေသခံများကပြောသည်။


ဒေသခံတစ်ဦးက လမ်းလည်းမဖွင့်သေးဘူး။မင်းပြားနဲ့ မြေပုံကို ဆက်သွယ်ထားတဲ့ကြပ်စင်တံတားမှာနေရာယူထားတဲ့ စစ်တပ်ကို မနေ့ကလည်း လူအသစ်တွေ ထပ်ရောက်တယ်။ဘယ်လောက်ဆိုတာတော့မသိဘူး။အင်အားထပ်ဖြည့်တယ်လို့ ပြောတယ်ဟု ပြောသည်။


၎င်းပြင် စစ်သားအချို့သည်  ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။


အဲဒီလမ်းမှာ တောင်မော်ဦး ဘူးပင်ကြားနဲ့တောင်မော်ကြားမှာ ကုက္ကိုပင်ကြီးရှိတယ်။ အဲဒီနေရာမှာ စစ်တပ်ကငွေ တောင်းတယ်။ ပစ္စည်းတွေတောင်းတယ်။ ဓါတ်ဆီ၊ ရေနံဆီပါရင်ငါးထောင်ပေး၊ တစ်သောင်းပေး အဲလို တောင်းတာ။ ငါးခြောက်ပါရင်လည်း တောင်းတယ်။ဒါမှမဟုတ်ရင် အနည်းဆုံး ငါးတွေပေး၇တယ်ဟုဆိုသည်။

 

အလားတူ မင်းပြား-မြေပုံကားလမ်းပိုင်းကချောင်းရှည်ရွာဘက်ကိုသွားသည့် လမ်းတွင်လည်း စစ်ကောင်စီတပ်ကရှေ့တိုးလာပြီး ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများရှိနေကြောင်းလည်းအဆိုပါ ဒေသခံက ဆက် ပြောသည်။


အလားတူ မင်းပြား၊ပေါက်တောလမ်းတွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင်လည်း စစ်ဆေးမှုများတင်းကြပ်ထားပြီး ခရီးသည်များနှင့်ဒေသခံများထံမှ သူတို့လိုချင်သည်ပစ္စည်းများကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲစစ်သားများက အဓမ္မယူဆောင်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

 

အဆိုပါ အများပြည်သူများ အသုံးပြုနေသည့်လမ်းကို ဖွင့်မပေးသည့်အပြင် စစ်သားများက ပြည်သူများထံမှ ငွေကြေး ကောက်ခံနေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်င်စီပြောခွင့်ရဥပဒေချုပ် ဦးလှသိန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသဖြင့် စစ်ကောင်စီဘက်ကတုံ့ပြန်မှုကို တင်ပြနိုင်ခြင်း မရှိပါ။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.