နိရဥ္စရာ၊ဒီဇင်ဘာ ၄/၂၀၂၂
၇ခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်ရှိမြို့မအားကစားကွင်းတွင်တည်ဆောက်နေသည့် ၇ဟတ်ယာဉ်ကွင်းကို ဒေသခံများနှင့် အားကစားသမားများ၏ ဝေဖန်ပြောဆိုကန့်ကွက်မှုများကြောင့် လက်ရှိတွင် ရပ်ဆိုင်းလိုက်ပြီ နေရာပြောင်းရွှေ့သွားသည်ဟု သိ၇သည်။
ဒီဇင်ဘာ ၁၅ ရက် ၇ခိုင်ပြည်နယ်နေ့တွင်ဖွင့်လှစ်မည့် ဂွချောင်းတံတားဖွင့်ပွဲသို့ စစ်ကောင်စီ အရာရှိလူကြီးများ ၇ဟတ်ယာဉ်ဖြင့်လာရောက် မည်ဖြစ်ရာ ဒီဇင်ဘာ(၂) ရက်နေ့က စတင်ကာ ဂွမြို့မဘောလုံးကွင်းတွင် ၇ဟတ်ယာဉ်ကွင်းတစ်ခုကို ဒေသအတွင်း စစ်ကောင်စီအာဏာပိုင်များက စတင် တည်ဆောက်ခဲ့သည်ဟု သိ၇သည်။
ထိုသို့ မြို့၏ ဂုဏ်ဆောင်မြို့မအားကစားကွင်းထဲတွင် ရဟတ်ယာဉ်ကွင်း တည်ဆောက်နေမှုအပေါ် လူပြောများပြီး ဝေဖန်မှုများထွက်ပေါ်လာရာမှ လက်ရှိတွင် ရပ်တန့်လိုက်ပြီဟုဂွမြို့မှ ဘောလုံးအသင်းတစ်ခု၏ Founderတစ်ဦးက ပြောသည်။
"ပြီးခဲ့တဲ့ ၂ရက်က စပြီး ကွင်းလယ်က မြေသားတွေကို တူးပြီးတော့ကျောက်တို့၊ အုတ်တို့နဲ့ ကွင်းလယ်မှာ ဖောင်ဒေရှင်းချတာ။ မြို့ကကစားသမားတွေရော၊ မြို့ခံတွေရော အဆင်မပြေတော့ ပြောကြတယ်။ သတင်းဌာနတွေကလည်းတင်တဲ့အခါကျတော့ အထက်က ပြည်နယ်ကမသိဘူးတဲ့။ ဂွမြို့ AD ကနေလုပ်တာဆိုတော့တစ်စတစ်စဖြစ်လာတော့ အခု ရပ်လိုက်ပါပြီ"ဟု ပြောသည်။
အဆိုပါ ၇ဟတ်ယာဉ်ကွင်း တည်ဆောက်သော ဘောလုံးကွင်းသည် ဂွမြို့၏တစ်ခုတည်းသောအားကစားကွင်းဖြစ်ပြီး ၇ဟတ်ယာဉ်ကွင်းတည်ဆောက်မှုကြောင့် လက်ရှိကျင်းပနေသည့် အားကစားပွဲများကိုလည်း ရပ်တန့်ထားရသည်ဟု သိ၇သည်။
အဆိုပါ ဘောလုံးကွင်းရဟတ်ယာဉ်ကွင်း တည်ဆောက်နေမှုကိုပြည်နယ်ကသိရှိခြင်းမရှိဘဲ ဂွမြို့နယ်အုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်းဂွအခြေစိုက် စစ်တပ်တာဝန်ရှိသူများက စေခိုင်းခြင်းဖြစ်သည်ဟုသိ၇သည်။
"ဒီဘောလုံးကွင်းက မြို့ရဲ့ တစ်ခုတည်းသောကွင်းကိုပါဒီလိုလုပ်တာဟာ လုံး၀ အလေးထားမှုမရှိ၊ မြို့ခံတွေရဲ့အကျိုးကိုမကြည့်ဘူးဆိုတာပိုသိသာတာပေါ့။ မနေ့က ညနေကတော့သူတို့ ရပ်လိုက်ပြီ။ အခုတော့ ကျောက်တွေ၊ သဲတွေကိုပါ အပြင်ကိုပြန်သယ်သွားပြီ။အခုတော့ ဘာပြဿနာမှမရှိတော့ပါဘူး" ဟု ဂွမြို့ခံတစ်ဦးကပြောသည်။
ဒီဇင်ဘာ ၁၅ ရက် ၇ခိုင်ပြည်နယ်နေ့တွင်ဂွချောင်း တံတားဖွင့်ပွဲကို ပြုလုပ်မည်ဖြစ်ရာ စစ်ကောင်စီအဖွဲ့ဝင် လူကြီးများ ၇ဟတ်ယာဉ်ဖြင့်လာရောက်ကြမည်ဟု သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးဂွမြို့နယ်အုပ်ချုပ်ရေးမှူးအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။(NN-7)
(ဓာတ်ပုံ- TheBeauty Of Arakanese)