နိရဉ္စရာ၊ဒီဇင်ဘာ ၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိစစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ရေသွယ်ရန်ပိုက်များ စီစဉ်ပေးပြီး အုတ်ကန်များကို တည်ဆောက်ထားပေးထားသော်လည်း မြို့နယ်စည်ပင်က ရေပေးဝေရေးကို ခွင့်မပြု၍ စစ်ဘေးရှောင်များနှင့်ဒေသခံများမှာ သောက်သုံးရေ မဖြစ်နေကြောင်း သတင်းရရှိသည်။
၇သေ့တောင်မြို့ပေါ်တွင်ပြီးခဲ့သည့်နှစ်က ICRCနှင့်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်
"စစ်ဘေးရှောင်တွေက ကျနော်တို့မြို့မှာတစ်သောင်းလောက်ကို ခန့်မှန်းပါတယ်။ အဲဒီလူတွေက ဒီကန်တွေကိုမှီခိုပြီးသုံးနေရတာပါ။ ကျနော်တို့ရပ်ကွက်မှာဆိုရင်လည်း မြေသားကန်တစ်ကန်ပဲ ရှိတာပါ၊ လုံး၀အသုံးပြုလို့အဆင်မပြေပါဘူး
အဆိုပါအုတ်ကန်များအနက် အုတ်ကန်တစ်ကန်ကိုလှူဒါန်းခဲ့သည့်အချိန်မှစ၍ ရက်ပိုင်းခန့် အကြာထိသာ သုံးစွဲခဲ့ရကာမြို့နယ်စည်ပင်မှ စည်ပင်ဦးစီးက ရေဖြတ်ခိုင်း၍ ဖြတ်ထားသဖြင့် ရေအသုံးပြုခွင့်မ၇သည်မှာတစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီ
အဆိုပါကန်များတွင် ရေမရရှိသည့်ကိစ္စနှင့်ပတ်သက်၍မြို့နယ်အစည်းအဝေးများ ကျင်းပရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတင်ပြမှု၊ တောင်းဆိုမှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိရေပေးဝေးခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါအုတ်ကန်များတွင် မြို့နယ်စည်ပင်မှရေပေးဝေမှုမရှိသဖြင့် စစ်ဘေးရှောင်များမှာ အနီးအနားရှိ မြေသားကန်များကို မှီခိုနေကြရပြီးရေမသန့်ရှင်းမှုများကြောင့် ယားနာများဖြစ်နေကြရကြောင်းလည်း၇သေ့တောင်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြေ
"စလို့လှူထားကတည်းကနေ အခုထိရေမသုံးရသေးတာပါ။သုံးရေကိုဆိုရင် စခန်းအနောက်ကန်က သုံး၇ပါတယ်။ သောက်ရေကိုကျတော့ပဒေကာကန်ကနေခပ်ယူပြီးတော့ သုံးရပါတယ်။ အခုသုံးနေ၇တဲ့ စခန်းအနောက်ကကန်ဆိုရင်မြက်တွေပေါက်နေပြီး လုံး၀မသန့်ပါဘူး။ အဲဒီရေကိုသုံးလို့အားလုံးယားနာတွေပေါက်နေကြပါတယ်။ အရမ်းယားတယ်၊ ဒါပေမယ့်အဲဒီကရေတွေနဲ့ပဲထမင်းချက်ရတယ်၊ ရေချိုး၇တယ်။ ရေတွေကအားလုံးရဲနေတယ်၊ဒါပေမယ့်သုံးနေ၇ပါတယ်။ အားလုံးယားနာတွေ ပေါက်ကြလို့ ဆေးခန်းတွေတောင်သွားကြ၇ပါတယ်။အုတ်ကန်တစ်ကန် ပေးထားတာလည်း ရေတစ်စက်မှမမြင်ဖူးသေးပါဘူး"ဟုပြောသည်။
အဆိုပါရေပေးဝေရေးကို မြို့နယ်စည်ပင်က တားမြစ်ထားခြင်းနှင့်ပတ်သက်ပြီး စည်ပင်ရုံးသို့ နိရဉ္စရာက ဖုန်းဖြင့်ဆက်သွယ်ရာ မြို့နယ်စည်ပင် ဒုဦးစီးဖုန်းကိုင်ပြီး၎င်းကိစ္စကို သူမသိကြောင်းနှင့် မြို့နယ်ဦးစီးမှူးကို မေးရမည်ဖြစ်ကြောင်း၊ မြို့နယ်ဦးစီး၏ဖုန်းကိုလည်း သူ့ခွင့်ပြုချက်မှ ရရှိမှသာ ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
သို့အတွက် ယခုကဲ့သို့ ရေပေးဝေရေးကိုတားမြစ်ထားခြင်းနှင့်ပတ်သက်ပြီး စည်ပင်ဘက်မှ တုံ့ပြန်ပြောဆိုမှုကိုတင်ပြနိုင်ခြင်း မရှိသေးပါ။
၇သေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းစုစုပေါင်း၂၀ ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့်အထိရှိကာ၎င်းတို့အတွက်လှူဒါန်းပေးထားသည့်
အဆိုပါအုတ်ကန် ၅ကန်ကို စစ်ဘေးရှောင်ပြည်သူများအပြင် ၇သေ့တောင်မြို့ခံများလည်း သုံးစွဲရန်အလို့ငှါလှူဒါန်းပေးထားသော်လည်း မြို့နယ်စည်ပင်မှ ရေပေးဝေခြင်းလုံး၀မရှိသည့်အပေါ်ဒေသခံပြည်သူများက ကျေနပ်မှုမရှိဖြစ်နေကြောင်း သိ၇သည်။
(NN-8)