နိရဉ္စရာ၊ ဒီဇင်ဘာ ၅ /၂၀၂၀
ယနေ့ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ဒုတိယအကြိမ်မြောက်ကမန်အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ်ရှိဘွတ်ကြီးကမန်ရွာတွင် ကျင်းပခဲ့ကြောင်းသိ၇သည်။
ကမန်တိုင်းရင်းသားများလူမှုကွန်
ယခုနှစ် ကမန်အမျိုးသားနေ့ကို နိုင်ငံရေးအခြေအနေကြောင့် ကျယ်ကျယ်ပြန့်ပြန့်မကျင်းပနိုင်ခဲ့သော်လည်း မိမိအမျိုးသားနေ့ကို ဖော်ထုတ်ကျင်းပခွင့်၇၍ ဝမ်းသာမိကြောင်း၎င်းက ပြောကြားသည်။
၇ခိုင်အမျိူးသားပါတီကလည်းဒုတိယအကြိမ်မြောက် ကမန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့
'' ရခိုင်ပြည်နယ်ရှိ၇ခိုင်လူမျိုးအပါအဝင်လူမျိုးစု
ကမန်အမျိုးသားနေ့အဖြစ်သတ်မှတ်နို
ကမန်လူမျိုးများသည် ရခိုင်မျိုးနွယ်စု ရ ခုတွင် ပါဝင်ပြီးရခိုင်ဘုရင်လက်ထက် လေးသည်တော်များအဖြစ် အမှုထမ်းခဲ့ကြသူများဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း သိ၇သည်။
ဝီကီပီးဒီးယားတွင် ရေးသားဖော်ပြထားရာတွင် ရှေး၇ခိုင်တွင် လေးသည်တော်ကို “ ကမန် ”ဟု ခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင်ရှာရှုဂျာ မြောက်ဦးသို့ လာစဉ်က နောက်ပါအချို့ကိုလည်း ခေါ်သည်။ အာဖဂန်အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ၇ခိုင်စကားနှင့် အမည်တို့ကိုသုံးစွဲကြသည်။ လူဦးရေ သုံးထောင်လောက်ရှိသည်။ သီးခြားရွာရှိပြီး လူမျိုးရောနှောမှု နည်းပါးသည်။ ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်းဖန်တီးခြင်းမျိုး ကို လုံး၀ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ၇ခိုင် တို့နှင့် အေးအတူ ပူအမျှငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။