Preview

တောင်ကုတ်ခရိုင်ရွာမှ စစ်ကောင်စီတပ်က ရွာသား ၄ ဦးပိုင် နွား၂၅ကောင်ကို ယူဆောင်သွား

ဒီဇင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :9195
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၅/၂၀၂၂

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  ခရိုင်ရွာမှ ရွာသားများပိုင်ဆိုင်သည့် နွားများကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ၎င်းနွားများအထဲကရွာသား  ၄ ဦးပိုင်သည့် နွား  ၂၅ ကောင်ကို နိုင်ငံခြားသို့ တင်ပို့မည့် နွားများဟု ဆိုကာစစ်တပ်တပ်ရင်းသို့ ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၁၁ နာရီခန့်က ငပလီအခြေစိုက် ၅၅တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ခရိုင်ရွာသို့ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းတွင် စခန်းချကာ ကျေးရွာသားများပိုင်ဆိုင်သည့် နွားများကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းအထဲမှ ရွာသား ၄ဦး ပိုင်ဆိုင်သည့် နွားများကို သိမ်းယူသွားကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

လူတစ်ဦးရဲ့ တိုင်ကြားချက်ကြောင့် နွားများကို လာရောက်ရှာဖွေတာလို့ ပြောတယ်။ နိုင်ငံခြားကို ထုတ်မယ်ပေါ့လေ။ စစ်တပ်က ကျေးရွာအတွင်းက  နွာများအားလုံးကို ဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးကကျေးရွာသားတဲ့ပိုင်တဲ့ နွားတွေကို အာမခံပေးတဲ့ အတွက် ယူမသွားဘူး။ ရွာသား ၄ ဦးပိုင်တဲ့နွား ၂၅ ကောင်ကိုတော့ ဖမ်းဆီးပြီး သူတို့ တပ်ရင်းကို ယူသွားတယ်ဟု ၎င်းက ပြောသည်။

၎င်းရွာသား ၄ ဦးသည် အနီးအနားကျေးရွာများမှ နွားများကိုဝယ်ယူပြီး နိုင်ငံခြားသို့ တင်ပို့ရန် စီစဉ်နေကြောင်း လူတစ်ဦးက အနောက်ပိုင်းတိုင်းမှူးကိုတိုင်ကြားရာမှ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိ၇သည်ဟု ၎င်းက ပြောကြားသည်။

နောက်ထပ် ကျေးရွာသားတစ်ဦးက "နွားပိုင်ရှင်တစ်ယောက်ရဲ့သမက်တစ်ယောက်ကိုတော့ ခေါ်ယူပြီးတော့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီလူကိုတော့ တစ်ညလုံးခေါ်ထားပေမယ့် မနက်အာရုဏ်တက်လောက်မှာ သူကထွက်ပြေးသွားတော့ လွတ်မြောက်သွားပါတယ်။ သူထွက်ပြေးသွားလို့ စစ်သားတွေက ရွာမှာ ရှာဖွေခဲ့ပါသေးတယ်။ စစ်သားတွေဆီမှာကသူတို့ဖမ်းမဲ့နွားပိုင်ရှင်တွေရဲ့ နာမည်တွေ၊ စာရင်းတွေတခါတည်းပါလာပြီးသားပါ။ အတိအကျတိုင်ပုံ၇တယ်" ဟု ပြောဆိုသည်။

တောင်ကုတ်မြို့နယ်တွင် နွားနှင့် သစ်များကိုခိုးထုတ်ပြီး တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ကြကြောင်း၊ ထိုသို့ပို့ဆောင်ရာတွင်ရဲ၊စသုံးလုံး၊ SB ၊ တပ်ကို ပိုက်ဆံများ ပေး၇ကြောင်း နောက်ထပ်ခရိုင်ကျေးရွာသားတစ်ဦးက ပြောသည်။

" ဒီဘက်မှာ နွားကုန်သည်အဖွဲ့ကရဲရယ်၊ စသုံးလုံးရယ်၊ SBတွေရယ်၊ တပ်ရယ်ကိုလည်း ပိုက်ဆံတွေ ပေးရပါတယ်။ဒါပေမယ့်သူတို့တွေက မထင်ရင်မထင်သလိုလည်း ဖမ်းပါတယ်။ သစ်တွေလည်း ခိုးထုတ်လို့ မကျန်တော့ဘူး။ သူတို့လည်း ပိုက်ဆံပေးပြီးခိုးထုတ်ကြတယ်" ဟုပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းမှ ခိုးထုတ်သောသစ်များကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ မှ တဆင့် သင်္ဘောများ၊ မော်တော်ဘုတ်များ တင်ပို့ကြပြီးထိုသို့တင်ပို့ရာတွင် တောင်ကုတ်တပ်နယ်  အရာရှိအဆင့်ထိ ပါဝင်ပတ်သက်မှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

ယခု ဖမ်းဆီးသွားသည့် နွား ၂၅ ကောင်ကိုတောင်ကုတ်မြို့အခြေစိုက် ၃၄၆ တပ်ရင်းသို့ ယူဆောင်သွားပြီး၎င်းနွားများကို တရားရုံးတင်ပြီး ပိုင်ရှင်များကို တရားစွဲ မစွဲ  မသိ၇သေးကြောင်း  ေသခံများက ပြောသည်။ (NN-8)



#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.