နိရဉ္စရာ၊ဒီဇင်ဘာ ၆/၂၀၂၂
ပြိုပျက်သည်မှာ ၁ နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း၇သေ့တောင်မြို့၊ချောင်း၀ရပ်ကွက်၊ ကမ်းနားလမ်းကိုစစ်ကောင်စီက ဘတ်ဂျက်မရှိဟု အကြောင်းပြကာ မပြုပြင်ဘဲပစ်ထားသည်ဟု သတင်းရရှိသည်။
ဒေသခံတစ်ဦးက “ ဒီကမ်းနားလမ်း ကမ်းပါပြိုကျမှုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျပ်သိန်း (၇၀၀၀)အကုန်ကျခံပြီးပြန်လည်ပြုပြင်မယ်လို့ ဒီလမ်းပြိုပျက်တာကို လာကြည်ခဲ့တဲ့ ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတွေ ပြောခဲ့တယ်။ အခုတော့ ဘတ်ဂျက်ငွေ မလုံလောက်ဘူးဆိုပြီး အခုအချိန်ထိ မပြုပြင်ဘဲ ဒီအတိုင်းပစ်ထားတယ်” ဟုပြောသည်။
၎င်းကမ်းနားလမ်းမှာ ၂၀၂၁ ခုနှစ်အစောပိုင်းက လမ်းအလယ်တည့်တည့်မှ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး ချောင်းကမ်းနားဘက်သို့တစ်ဖြည်းဖြည်းပြိုကျလာခဲ့သဖြင့် သွားလာသူများနှင့် အနီးအနားရှိ အိမ်များအတွက် အန္တရာယ်ရှိနေသည်ဟုသိ၇သည်။
“ ဒီလို လမ်းပေါ်မှာ အက်ကွဲကြောင်းကြီးဖြစ်နေပြီး လမ်းတစ်ခြမ်းကချောင်းဖက်ကို တအိအိနဲ့ နိမ့်ဆင်းလာတာ အန္တရာယ်ရှိနေတယ်။ ဒါ့ပြင် တစ်ခြားတစ်ဖက်မှာလည်း မြို့အင်္ဂါရပ်နဲ့မညီ ဖြစ်နေတယ်။ မြင်မကောင်း၊ ရှုမကောင်းဘူးပေါ့။ ဒီလမ်းကိုပြုပြင်ဖို့ အကြိမ်ကြိမ် အထက်ကို တင်ပြတယ်။ သူတို့ကိုယ်တိုင်လည်း လာကြည့်တယ်။ နာမည်တွေတပ်ပြီးတော့မပြောတော့ပါဘူး။ ဒါပေမဲ့ သူတို့က ပြုပြင်ပေးမယ်။ ပြုပြင်ပေးမယ်သာပြောတယ်။ တစ်ခါမှ ပြင်တာမရှိဘူး။စစ်ကောင်စီလက်ထက်မှာ မြို့ရွာ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကအရင်နဲ့စာရင် ပိုပြီး အခက်အခဲဖြစ်လာတာကို တွေ့နေ၇တယ်” ဟု၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကမ်းနားလမ်းမှာ အရှည်ပေ ၂၀၀၀၊ အကျယ် ၁၈ ပေရှိကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကကျပ်သိန်း ၂ ထောင်အကုန်ကျခံ၍ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ခဲ့ပြီး လက်ရှိတွင်ပေ ၂၀၀ ခန့်အထိချောင်းထဲသို့ ပြိုဆင်းနေကြောင်း သိ၇သည်။
ပြိုပျက်နေသည့် ကမ်းနားလမ်းကိုယခုနှစ် အောက်တိုဘာလအတွင်း ပြုပြင်ရန် မြစ်ချောင်းထိမ်းသိမ်းရေးဌာနက နေပြည်တော်သို့ တင်ပြထားသည်ဟုသိရသော်လည်းဒီဇင်ဘာလသို့ ရောက်သည်အထိ မပြုပြင်နိုင်သေးကြောင်း ၇သေ့တာင်မြို့၊ ချောင်း၀ရပ်ကွက်မှမြို့ခံတစ်ဦးက ပြောဆိုသည်။
"လောလောဆယ်မှာတော့ ကျွန်တော်သိ၇သလောက်ကပြီးခဲ့တဲ့ ဇွန်လလောက်ကနေ မြစ်ချောင်းထိမ်းသိမ်းရေးဌာနကပြုပြင်ဖို့ဒီဇိုင်းကို နေပြည်တော်ရုံးချုပ်ကိုတင်ပြထားတယ်လို့သိရတယ်။ ရုံးချုပ်က စစ်ဆေးအတည်ပြုမှု ခံယူနေတယ်လို့ သိ၇တာပေါ့။ အဲ့ဒါတွေ ပြန်ကျ လာရင်တော့ ကျွန်တော်တို့က တင်ဒါခေါ်ပြီးတော့အစောဆုံး ဒီနှစ် ၁၀ လပိုင်းလောက် ပြန်ပြုပြင်မယ်ပေါ့။ ဒါပေမဲ့ရုံးချုပ်ကစစ်ဆေးအတည်ပြုမှုခံယူနေတာ ကျမလာသေးတာလား။ နိုင်ငံရေးအခြေအနေမကောင်းလို့အတည်ပြုချက်မ၇သေးတာလားတော့မပြောတတ်ဘူး။ အောက်တိုဘာ လအတွင်းပြန်ပြုပြင်မယ်ဆိုတာ အခုချိန်ထိ နှစ်ကုန်တော့မယ် ပြန်မပြင်၇သေးပါဘူး" ဟု ပြောသည်။
ကမ်းနားလမ်းမှာ၇သေ့တောင်မြို့၏မြို့မျက်နှာစာလမ်းတစ်ခုဖြစ်ပြီး ကမ်းပါပြိုကျနေ၍အနီးအနားရှိ အိမ်များ၊လမ်းသွားလမ်းလာများအတွက်အချိန်မရွေးအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် အမြန်ဆုံးပြုပြင်ပေးသင့်သည်ဟုတစ်ခြား၇သေ့တောင်မြို့ခံတစ်ဦးကလည်း ပြောဆိုသည်။
"လမ်းကတော့ ကားတွေသွားလာလို့မ၇တော့ဘူး။လူတွေကတော့ သွားလာနေကြတယ်။ လူတစ်ယောက်လောက်တော့သွားလာလို့ရတာတော့ရှိတယ်။ ဒါပေမဲ့ အနီးအနားက အိမ်ခြံစည်းရိုးကို ကိုင်ပြီးမှ သွားလာလို့၇တယ်။ လမ်းနဲ့သက်ဆိုင်တဲ့လူတွေကတော့အောက်တိုဘာလမှာပြန်ပြုပြင်မယ်ဆိုပြီးဇွန်လလောက်ကနေ လမ်းကိုလာတိုင်းတာကြတယ်။ ပြန်သွားကြတယ်။ အဲ့ဒီလိုမကြာမကြာလာတိုင်းကြတာတွေတော့ရှိတယ်။ ဘယ်အချိန်ပြန်ပြုပြင်ပေးမလဲ ကျွန်တော်လည်းမသိရဘူး။ အခုချိန်ထိတော့ မပြုပြင်၇သေးဘူး" ဟုပြောသည်။
လက်ရှိတွင်အဆိုပါကမ်းနားလမ်းတွင် လမ်းသွားလမ်းလာများအတွက် သွားလာ၇ လုံး၀ အဆင်မပြေတော့သလို ဘေးအန္တရာယ်လည်း ကျရောက်လာနိုင်သည့် အတွက် လမ်းသွားလမ်းလာများနှင့်အနီးအနားရှိ နေအိမ်များကို သတိထား သွားလာနေထိုင်ကြရန် ၇ပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကမကြာခဏ သတိပေးဆော်သြမှုများပြုလုပ်နေရသည်ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ- ကိုမင်းထက်စံ
(ပုံစာ- ၇သေ့တောင်ကမ်းနားလမ်းဆိုးဝါးစွာပျက်စီးနေသည်ကို၂၀၂၂ ခုနှစ်ဒီဇင်ဘာလ၅ရက်တွင်တွေ့၇စဉ်)