Preview

ကျောက်တော်မှ အမျိုးသမီးငယ်များအပါအဝင် ဒေသခံ ၁၁ ဦးကို မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၄၀ ကျော် လိမ်လည်မှုဖြစ်ပွား

ဒီဇင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :1082
ရခိုင် သတင်း


နိရဥ္စရာ၊ဒီဇင်ဘာ /၂၀၂၂

၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ်များအပါအဝင်ဒေသခံ ၁၁ ဦးကို မလေးရှားသို့ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၄၀ ကျော်လိမ်လည်မှုဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

ငွေလိမ်လည်ခံ၇သူများမှာ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသလင်ကွိကျေးရွာမှ အမျိုးသမီး ၅ ဦးနှင့်အမျိုးသား၄ ဦး၊ တောင်ပူစီကျေးရွာမှ အမျိုးသား ၁ ဦးနှင့် လောင်းရှည်ကျေးရွာမှ အမျိုးသား ၁ ဦး၊စုစုပေါင်း ၁၁ ဦးဖြစ်ကြသည်။

သူတို့ကိုကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာမှဒေါ်ဦးမြသန်း(၃၈)နှစ်က ရန်ကုန်ရှိ ကုမ္ပဏီတစ်ခုက မလေးရှားသို့ပို့ပေးမည်ဖြစ်ပြီး ၁ဦးလျှင် ရန်ကုန်သို့အရောက် ကျပ် ၈ သိန်းနှင့်ရန်ကုန်မှ မလေးရှားနယ်စပ်သို့အရောက် ကျပ် ရ သိန်းပေး၇မည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ရ ရက်တွင်ပီချောင်းဒေသသို့သွားရောက်စည်းရုံးခဲ့သည်ဟု သိ၇သည်။

ယင်းနောက်သူတို့ ၁၁ ဦးသည် နိုဝင်ဘာလ၂၉ ရက်တွင် ရန်ကုန်သို့ ကားဖြင့်သွားရောက်ပြီး မလေးရှားသို့ပို့ပေးမည့်ကုမ္ပဏီဘက်မှဆိုသူများကို Wave Money မှတဆင့်ကျပ် ၄၅ သိန်းအား သူတို့၁၁ ဦးကစုပေါင်းကာ ကနဦးလွှဲပေးလိုက်ရသည်ဟု သိ၇သည်။

ယင်းသို့လွှဲပေးပြီးနောက် ကုမ္ပဏီဘက်မှဆိုသူများနှင့်အဆက်အသွယ်လုံး၀မရတော့ဘဲ ရန်ကုန်တွင် ၃ ရက် အကူအညီမဲ့နေခဲ့ကာယမန်နေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မှတဆင့် ကျောက်တော်မြို့သို့ကားဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်ဟုသူတို့အား ကူညီပေးခဲ့သည့်ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

"သူတို့က အဲဒီကုမ္ပဏီဘက်ကဆိုသူတွေကို အပြင်မှာတွေ့လည်း မတွေ့ဖူးဘူး။ဖုန်းကနေပဲပြောကြတာ။ ငွေလွှဲပေးပြီးနောက် ဟိုကောင်တွေကခြေရာဖျောက်သွားခဲ့တော့ ဒီမှာ ဒုက္ခရောက်ကျန်ခဲ့တာပေါ့"ဟု ပြောသည်။

လက်ရှိတွင်အဆိုပါဖြစ်စဥ်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကိုတိုင်ကြားထား၍ULA က မုန့်သန်းပြင်ကျေးရွာမှ ဒေါ်ဦးမြသန်းကိုစတင်စစ်ဆေးနေပြီဟု သူက ဆက်ပြောသည်။

ကနဦးစစ်ဆေးချက်အရဒေါ်ဦးမြသန်းကလည်း မလေးရှားသို့ပို့ပေးမည်ဟု ဆိုသည့်ကုမ္ပဏီဟုဆိုကာ သူ့ကို အွန်လိုင်းမှလာရောက်ဆက်သွယ်လာသည့်အတွက် ယခုကဲ့သို့စည်းရုံးပေးခဲ့ခြင်းဖြစ်ပြီးဆက်သွယ်လာသူတို့တွင် မည်သည့်နှစ်ဦးပါဝင်၍ မည်သူမည်ဝါတို့ ဖြစ်သည်ဆိုသည်ကိုလည်းမသိခဲ့ရဟုထွက်ဆိုကြောင်း သိ၇သည်။

သူမအားULA ကဆက်လက်စစ်ဆေးနေသေးကြောင်း သိ၇သည်။

ငွေလိမ်ခံ၇သူ၁၁ ဦးတွင် အရွယ်ကောင်းအမျိုးသမီးငယ်များနှင့် အမျိုးသားများပါရှိပြီး သူတို့၏ပညာဥာဏ်နည်းပါး၍ ရိုးသားပွင့်လင်းမှုတို့ကိုအခွင့်ကောင်းယူကာ မသမာသူတို့က ယခုကဲ့သို့ လိမ်လည်သွားခြင်းဖြစ်သည်ဟုသူတို့အား ကူညီပေးသူများက ပြောကြသည်။

လက်ရှိတွင်ငွေလိမ်ခံ၇သူများသည် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် နံနက်က ကျောက်တော်မှတဆင့်သူတို့၏ကျေးရွာအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

ဓာတ်ပုံ- ငွေလိမ်လည်သွားသူများအား တွေ့၇စဥ်။

 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.