နိရဉ္စရာ၊ဒီဇင်ဘာ ၆/၂၀၂၂
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်အပစ်ရပ်ပြီးနောက် ရသေ့တောင်မြို့နယ်မေယုမြစ်အတွင်း သွားလာနေသည့် စက်လှေများမှ ဇက်ရေယာဉ်က တောင်းယူ ကောက်ခံထားသည့် ငွေကြေးနှင့်ပစ္စည်းများကို ရက္ခိုင့်တပ်တော် တာဝန်ရှိသူများ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ပြန်လည်ပေးအပ်ခဲ့သည်ဟုသတင်းရရှိသည်။
၎င်းပစ္စည်းများကို ယမန်နေ့ ဒီဇင်ဘာလ ၅၇က်က ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေး
" အပစ်ရပ်ထားပြီးတဲ့နောက် ခုလို ဒေသအတွင်းသွားလာနေတဲ့ စက်လှေတွေဆီကတောင်းယူသွားတာတွေကို အေအေက စာရင်း အတိအကျပြုစုပြီး စစ်တပ်ကို ကန့်ကွက်စာ ပို့တယ်ထင်ပါတယ်။ အဲဒီကနေဗီအရာရှိကိုအရေးယူပြီးတော့ မနေ့က ဘုတ်အစီး သုံးဆယ်ကျော်ကို အားလုံးတစ်ယောက်ချင်းစီ ပြန်ပေးပါတယ်။အခုလို လုပ်ပေးတော့ နေဗီ၊ စစ်တပ်ကလည်း နောက်ထပ် မတောင်းရဲတော့ဘူး။အားလုံးကတော့ အဆင်ပြေသွားပါပြီ" ဟုပြောသည်။
ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ အကြား အပစ်ရပ်စဲပြီးနောက် အေအေ၏ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့်စစ်တပ် တာဝန်ရှိသူများက ဒေသခံပြည်သူများ၏ နစ်နာမှုကို ယခုလို ဆောင်ရွက်ပေးမှုကြောင့် ဝမ်းသာ၇သည်ဟု၎င်းက ပြောကြားသည်။
၎င်းဇက်စစ်ဇက်ရေယာဉ်သည် ၇သေ့တောင်မြို့နယ်စေတီပြင်ချောင်း၀အောက်ဘက်တွင် ရပ်နားထားပြီး ခုတ်မောင်းသွားလာနေသည့် စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ်များက တစ်စီးလျှင် ငွေကြေး ငါးသောင်းကျပ် သို့မဟုတ်ကျပ်တစ်သိန်းနှင့် အတူစားသုံးဆီ ၁ ဘူးကျစီ စက်လှေစီးရေ ၃၀ လောက်ထံမှကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
နောက်ထပ် စက်လှေပိုင်ရှင် တစ်ဦးကလည်း “ ဒီဇင်ဘာလ၁ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်က လာသမျှ စက်လှေတွေဆီကကောက်တာ။ ၇သေ့တောင်မြို့အထက်ပိုင်းစေတီပြင် ချောင်း၀အောက်ဘက်
လက်ရှိတွင်ဒေသခံစက်လှေသမားများထံမှ ငွေကြေးနှင့်ပစ္စည်းများကောက်ခံ
သို့သော်လည်း လက်ရှိ အချိန်ထိ ဘိလပ်မြေ၊ သံချောင်း၊ စက်သုံးဆီ၊ဆန်နှင့်ဆေးဝါးများ သယ်ယူပို့ဆောင်မှုကို စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်းဒေသခံများကပြောသည်။ (NN-8)