Preview

လွတ်လပ်မှုနှင့်အလုပ်အကိုင်အတွက် အသက်ကိုမနှမြောဘဲစွန့်စားသွားကြရာမှ မွတ်ဆလင်လူငယ် ၁၃ဦးသေဆုံးခဲ့ရ၍ အထူးစိတ်မကောင်းဖြစ်ရဟုဆို

ဒီဇင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :3084
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သေဆုံး၍တွေ့ရှိခဲ့၇သည့်  မွတ်ဆလင်လူငယ် ၁၃ ဦးသည် လွတ်လပ်မှုနှင့်အလုပ်အကိုင်ရှာဖွေရေးအတွက် အသက်ကို မနှမြောဘဲ စွန့်စားသွားလာကြရာမှ ယခုလို အဖြစ်ဆိုးဖြင့်ကြုံတွေ့ခဲ့ရသဖြင့် အထူးစိတ်မကောင်း ဖြစ်၇သည်ဟု  ဘူးသီးတောင်မြို့နယ်မှမူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

"အကျပ်အတည်းတွေကို  လူတွေက ခံမှမခံနိုင်ကြတော့တာ။ လူပဲလေ သူတို့ရဲ့လွတ်လပ်မှုတွေကိုလိုချင်ကြတယ်။ အလုပ်အကိုင် သစ်တွေရှာဖွေချင်ကြတယ်။ အဲ့ဒီတော့ အသက်ကိုတော့ မနှမြောနိုင်ကြတော့ဘူး။ကိုယ်မှန်းထားတဲ့ နေရာတစ်ခုကိုရောက်ရင်ပြီးရောဆိုပြီး အသက်တစ်ချောင်းကိုတော့ မနှမျောကြတော့ဘဲ စွန့်စားထွက်ခွာနေကြတာ။ ဒီလူတွေ အခုလို အစုလိုက်သေဆုံးနေတာကိုတွေ့တော့ အထူးစိတ်မကောင်း ဖြစ်၇ပါတယ်ဟု ပြောကြားသည်။

လက်ရှိတွင် လူ ပွဲစားများကမင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်ဘက်က မွတ်ဆလင်ကျေးရွာများမှ လူငယ်များနှင့် လူလတ်ပိုင်း အရွယ်များကို မလေးရှားသို့ပို့ရန်နှင့် အလုပ်ကောင်းများရရန်သွေးဆောင်ဖျားယောင်း ခေါ်ယူမှုများပြားနေသည်ဟု ဆိုသည်။

 ကျွန်တော်တို့ ကြား၇သလောက်ပွဲစားတွေကနေပြီး လူပျိုပေါက်စတွေဆိုခေါ်တယ်။ လိုက်မလား ရန်ကုန်ရောက်မှပိုက်ဆံပေးဆိုပြီး ခေါ်တယ်။ လမ်းတစ်ဝက်ရောက်တဲ့ အခါပိုက်ဆံတွေ မပေးနိုင်ဘူး။ စစ်ဆေးရေးဂိတ်တွေကို မဖြတ်ကျော်နိုင်တဲ့ အခါ လမ်းတစ်ဝက်မှာချပစ်ခဲ့တာတို့ ။ ရိုက်ပုတ်  နှိပ်စက်ပြီး ပိုက်ဆံတောင်းတာတို့ ဖြစ်နေတယ်လို့ သိ၇ပါတယ်။အခုလည်း သူတို့ကို  သတ်ပစ်ခဲ့တာ ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။ 

လက်ရှိအချိန်တွင် သေဆုံးသူများအား မည်သူ မည်ဝါဖြစ်ကြောင်းကို စုံစမ်းနေပြီး ၎င်းတို့၏ အမည်နှင့်နေရပ်၊လိပ်စာများကို အတည်မပြုနိုင်သေးဟု ၎င်းကဆိုသည်။ 

၎င်းမွတ်ဆလင်လူငယ်  (၁၃)ဦး အလောင်းကို ယမန်နေ့  ဒီဇင်ဘာ၅ ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းလှည်းကူးမြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် ငွေနံ့သာကျေးရွာကြားကားလမ်းမဘေးတွင် စွန့်ပစ်ထားသည့်တွေ့ရှိခဲ့ကြ၇သည်။

အဆိုပါ အလောင်း(၁၃) လောင်းအား ရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်လှည်းကူးမြို့နယ် လူမှုကူညီရေး အသင်းက ဆေးရုံသို့ အလောင်းများအား ဆေးရုံသို့  ပို့ဆောင်ခဲ့ကြောင်း အသင်းဝင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"အလောင်းကိုကျနော်တို့ဆေးရုံကိုတော့ပို့ပေးခဲ့တယ်။ ဆေးအဖြေအတိအကျတော့မသိပေမယ့်ကြည့်ရသလောက် အသက်ရှူကျပ်ပြီးသေတဲ့ ပုံစံမျိုးလို့တော့ ခန့်မှန်း၇ပါတယ်"ဟုပြောသည်။

သေဆုံးသူများသည် ရခိုင်ပြည်နယ်မှမလေးရှားသို့ တရားမဝင်သွားရောက်ရန် ရန်ကုန်မှတဆင့် မြ၀တီသို့ အလုံပိတ်ကားဖြင့် သွားရာမှအသက်ရှူကျပ်ပြီး သေဆုံးခဲ့၍ လမ်းမှာစွန့်ပစ်ခံ၇ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ သေဆုံးမှုမှာတာဝန်ယူ၊ တာဝန်ခံမှုမရှိသည့် ပွဲစားများကြောင့်ဖြစ်၇ခြင်းဖြစ်ပြီး နောက်ထပ် ယခုကဲ့သို့အဖြစ်ဆိုးများ မကြုံ၇အောင် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန်ိုအပ်ကြောင်း မြေပုံမြို့မှမူဆလင်လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

 "ပွဲစားတွေကြောင့် အခုလိုလူတွေသေရတယ်လို့ ယူဆပါတယ်။ ပိုက်ဆံရရေးအတွက်ဆိုပြီး လူတွေ နိုင်ငံခြားကိုတရားမဝင်တင်တယ်။အဆင်ပြေတယ်ဆိုပြီးလူတင်တယ်။ မသိတဲ့လူတွေမှာတော့ရတယ်ဆိုရင် ၇တယ်ပေါ့လေ။ အဲ့ဒီသွားကြတာတွေမှာ (၁၀) ယောက်မှာ တစ်ယောက် ရောက်သွားတယ်။ (၅) ယောက်ကသေ ၊ ကျန် (၃)ယောက်ကထောင်ကျတယ်။ ပြီးခဲ့တဲ့လကလည်း (၈ရ) ယောက် ဘားအံမှာအဖမ်းခံ၇တယ်။ အဲ့ဒီမှာ အရွယ်မရောက်သေးတဲ့ကလေး (၃ရ)ယောက်ရှိတယ်။ အားလုံး ဘူးသီးတောင်၊ မောင်တောဘက်ကပါ"ဟု ပြောသည်။

ယမန်နေ့   ဒီဇင်ဘာ၅ ရက် နံနက် ရ နာရီအချိန်ခန့်တွင်လည်း မွန်ပြည်နယ် မုဒုံမြို့တွင် အထောက်အထားမဲ့ ခရီးသွားမွတ်ဆလင် (၇၈) ဦးကို စစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ရခိုင်တွင်စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကြောင့် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး ကျပ်တည်းသည့်အတွက် ၇ခိုင်လူမျိုးများသာမက ွတ်ဆလင်ကျေးရွာများမှ လူငယ်များကလည်း ပွဲစားဖြင့် ချိတ်ဆက်၍ ထိုင်းနယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့ စ်ဦးလျှင် ကျပ်သိန်း(၄၀) မှ (၇၀) အထိပေးကာ  တရားမဝင် သွားရောက်မှုများရှိနေပြီး အများစုမှာဆက်တိုက်ဆိုသလိုဖမ်းဆီးခံ၇မှုများှိနေကြောင်းသိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.