စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦး သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့် လှုပ်ရှားမှု ချင်းမိုင်မြို့တွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၂

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦးအား စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ်  ကန့်ကွက်ရှုတ်ချသည့်  အခမ်းအနားတစ်ခုကို မြန်မာကျောင်းသားလူငယ်များနှင့် ထိုင်းကျောင်းသားလူငယ်များ စုပေါင်း၍ ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

၎င်းရှုတ်ချပွဲ အခမ်းအနားကို  ချင်းမိုင်မြို့ Three Kings Monument တွင် ယနေ့ ညနေ ၄နာ ၃၀ မိနစ်တွင် စတင် ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး တစ်ဦးနှင့် တစ်ဦးလက်ချင်းဆက်ကာ သရုပ်ဖော်မှုများ ပြုလုပ်၍ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းသား တစ်ဦးက ကျနော်တို့အခုလုပ်တာက ကျောင်းသား ၇ ယောက်ကို သေဒဏ်ပေးတဲ့ အပေါ်မှာ လုံး၀ကန့်ကွက်ရှုတ်ချတယ်။ ဒီနေ့ ပြုလုပ်တဲ့ အခမ်းအနားမှာ သေဒဏ်ချခံထားရတဲ့ ကျောင်းသား ဦးအတွက် အပါအဝင်  မြန်မာနိုင်ငံက ပြည်သူ၊ ပြည်သားအားလုံးကို ရည်ရွယ်ပြီးပြုလုပ်တဲ့ ပုံစံမျိုးနဲ့ပြုလုပ်ခဲ့တာဖြစ်တယ် ၎င်းက ပြောကြားသည်။

စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသား  ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ဖြစ်သည်။

ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်အတွင်း အကျဉ်းချကာ စစ်ကောင်စီတရားရုံးက လူသတ်မှုကျူးလွန်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂က/၃၄ ကျူးလွန်သည်ဟုဆိုကာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းထားသည့်  တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် လူပေါင်း  ၁၃,၀၁၇ ဦး ဖမ်းဆီးထားပြီး၊ သေဒဏ်ချမှတ်ခံထားရသူ ၉၀ ဦး မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၄၂ ဦး၊ စုစုပေါင်း ၁၃၂ ဦး သေဒဏ် ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦးအာ သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် နီပေါနိုင်ငံတွင်လည်း ကျောင်းသားများ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ (NN-6)

ဆက်စပ် သတင်းများ