နိရဉ္စရာ၊ ဒီဇင်ဘာ၇/၂၀၂၂
စစ်ကောင်စီသည် ၇ခိုင်ပြည်နယ်အတွင်းသို့စစ်ထပ်ထုတ် အ၇က်၊ ဘီယာများကိုအကန့်အသတ်မရှိ ဒလဟောသွင်းခွင့်ပြုထားပြီးပြည်သူများမရှိမဖြစ် အသုံးပြုရန် လိုအပ်သည့် ဆေးဝါးနှင့်လူသုံးကုန်တချို့ကို တင်သွင်းခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်ကန့်သတ်တားမြစ်ထားကြောင်း သတင်းရရှိသည်။
လက်ရှိ အချိန်တွင် မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA) နှင့် အလွတ်သဘော အပစ်ရပ်စဲထားသော်လည်း ပြည်သူများအသုံးပြုရန်မဖြစ်မနေလိုအပ်သည့် ဆေးဝါးနှင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများတင်သွင်းခွင့်ကိုတင်းတင်းကျပ်ကျပ် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိ၇သည်။
စစ်တွေမြို့ခံ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ တစ်ဦးက “အမ်းစစ်ဆေးရေးဂိတ်က စစ်တပ်ထုတ် အရက်ဘီယာ သယ်လားတဲ့ကားဆိုရင် ချက်ချင်းခွင့်ပြုတယ်။ဘာနယ်လုံဝန်ကြီးဆီက ခွင့်ပြုချက် မလိုဘူး။ ကျန်တဲ့ ပြည်သူတွေ အဓိက အသုံးလိုနေတဲ့ ဆေးဝါးတွေကိုကျရင်လုံး၀ တင်သွင်းခွင့်မရဘူး။ ကျန်တဲ့ အိမ်သုံးပစ္စည်းတွေဆိုရင်လည်း နယ်လုံဝန်ကြီးဆီကလက်မှတ်ပါမှ သယ်ခွင့်ပြုတာမျိုး။ ဒီလိုလုပ်ထားတာ” ဟုပြောသည်။
စစ်ကောင်စီထုတ်အရက်ဘီယာများအပါ
"အနည်းဆုံးကတော့တစ်ပတ်မှာ အစီးနှစ်ဆယ်လောက်ဝင်ပါတယ်။အေအေတို့က တားမြစ်မယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေကိုတားမြစ်မှပဲရပါမယ်။ လုပ်ငန်းရှင်တွေက မရောင်းရင် ပြည်သူလူထုကလည်းသောက်သုံးစရာအကြောင်းမရှိပါဘူး။ လုပ်ငန်းရှင်တွေကို မတားမြစ်ဘဲနဲ့ကားကိုတော့လာတားမြစ်လို့ကအဆင်
၇ခိုင်သို့ကုန်းလမ်းကြောင်းဖြင့် တင်သွင်းနေသည့် စစ်တပ်ထုတ်အရက်ဘီယာများသည် တရားဝင်မျှောစာများဖြင့် တင်သွင်းခွင့်ပြုထားပြီး ၇ခိုင်ပြည်မှကိုယ်စားလှယ်ယူထားသူမှလွဲ၍အခြားဆိုင်ငယ်များက မျှောစာမပါဘဲ သွင်းခွင့်မရှိကြောင်း၊ သို့သော်လည်း စစ်တပ် စစ်ဆေးရေးဂိတ်များကို ငွေပေးကာ အလွယ်တကူဖြတ်သန်း ခိုးသွင်းနေကြသည်ဟု စစ်တပ်ထုတ် အရက်ဘီယာများတင်သွင်းနေသူများနှင့် နီးစပ်သူများ၏အပြောအရ သိ၇သည်။
စစ်ကောင်စီထုတ်အရက်ဘီယာများကိုပြည်မတွင် ဗမာလူထုက မသောက်သုံးတော့သလိုဆိုင်များတွင်လည်း သပိတ်မှောက် Boycottလုပ်မှုပိုမိုများပြားလာ၍ စစ်တပ်ထုတ် အရက် ဘီယာများကို၇ခိုင်ပြည်ဘက်ကိုပိုအလေးထားပြီး တင်ပို့လာသည်ဟု၇ခိုင်ပြည် ကျောင်းသားသမဂ္ဂမှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုဦးသန်းနိုင်ကပြောသည်။
"အဓိကကေတာ့ အရက်ဘီယာတွေက ဆက်တိုက် ဒလဟောသုံးနေကြတယ်။ ပြည်မဘက်မှာကျတော့စစ်တပ်ထုတ် အရက်ဘီယာတွေကို boycott သပိတ်မှောက်တာတွေ လုပ်တဲ့အတွက် ၇ခိုင်ပြည်ဘက်ကို ပိုအလေးထားပြီး စီးပွားရှာတယ်လို့မြင်တယ်။ဒီအပေါ်မှာ အလေးအနက် စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါတယ်။ တိုက်ပွဲရပ်ပေမယ့်အိမ်ဆောက် ပစ္စည်းတွေကိုလည်း သွင်းခွင့်မ၇တော့ ၇ခိုင်ပြည်ကဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အပေါ်ကို ဆိုးဆိုးရွားရွားထိရောက်စေပါတယ်
စစ်ကောင်စီသည် ရခိုင်သို့ စစ်တပ်ထုတ် အရက်နှင့် ဘီယာများကိုဒလဟော သွင်းနေခြင်းမှာ ရည်ရွယ်ချက် နှစ်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကလည်း ပြောကြားသည်။
“ အဓိကစစ်ကောင်စီက ရည်ရွယ်ချက် နှစ်ရပ်နဲ့ လုပ်နေတာဖြစ်တယ်။ ပြည်မမှာ ရောင်းအားကျလာတဲ့ အရက်ဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေကို ရခိုင်ကို ပို့ပြီး သူတို့ ဝင်ငွေကို ပိုရှာလာတယ်။စီးပွားရေး အရတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ အုပ်ချုပ်သူ စစ်ကောင်စီ အသုံးပြုလာတဲ့ပေါ်စီပေါ့။ ရခိုင်ပြည်သူတွေကို အရက်တွေ ဒလဟောသွင်းပြီး ဖျက်ဆီးတာပေါ့။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ လုပ်နေတာပါ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
စစ်ကောင်စီသည် ၇ခိုင်ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သော အိမ်သုံးဆေးဝါးများကို တင်သွင်းခွင့် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး စစ်တပ်ထုတ်အရက်ဘီယာများကို ဒလဟော တင်သွင်းခွင့်ပြုထားသည်ကို ကြည့်၍ သိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီက ၇ခိုင်ပြည်အတွင်းလူသုံးဆေးဝါးတင်သွင်းမှုများကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်
ရက္ခိုင့်တပ်တော်(အေအေ)နှင့်စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ၇က် အလွတ်သဘော အပစ်ရပ်ပြီးနောက်ပိုင်
အမည်မဖော်လိုသည့်ဆေးဆိုင်ရောင်းချသူတစ်ဦးက "ကားဂိတ်တွေကိုယ်တိုင်ကနေပြီးတော့ ဆေးဝါးတွေကိုလက်မခံပါဘူး။ ဆေးတွေပါလာလို့ အစစ်ခံရရင် ကားပေါ် ပါလာတဲ့ သူတွေလည်း အခက်အခဲဖြစ်ပြီးကားလမ်းတစ်လျှောက်လည်း အစစ်အဆေးတွေ များတယ်ဆိုတော့လေ။ အခုကေတာ့ဆေးတချို့လောက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်နေရတာတွေရှိတယ်။ဆေးပုလင်းအရည်တွေဆိုရင် သယ်ရတာမလွယ်တော့ဆေးရည်တချို့ပြတ်နေတာတွေရှိတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုပြီးတော့ အခုအချိန်အထိ ဆေးသယ်ယူခွင့်တွေပိတ်ပင်ထားဆဲ ကုန်းလမ်းတွေကိုလည်းပိတ်ထားဆဲဖြစ်ပါတယ်" ဟုပြောသည်။
၇ခိုင်တွင် စစ်ကောင်စီထုတ်အရက်ဘီယာများကိုသုံးစွဲခြင်းသည် စစ်တပ်ကို ထောက်ခံ အားပေးရာရောက်၍ မသုံးစွဲကြရန်ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)တွဲဘက် အတွင်းရေးမှူး ဦးအေးထွန်း(ခေါ်)ဦးထွန်းမင်းနိုင်ကလည်း သူ၏ ဆိုရှယ်မီဒီယာမှတဆင့် သတိပေးမှုတခု ပြုလုပ်ခဲ့သေး
သို့ရာတွင်၇ခိုင်ပြည်အတွင်း စစ်ကောင်စီထုတ်အရက်ဘီယာများကို ရောင်းချသုံးစွဲနေမှုများ ဆက်လက်ရှိနေသေးပြီးစားသောက်ဆိုင်များတွင် ၇ောင်းအားမြင့်တက်နေဆဲဖြစ်ကြော
စစ်ကောင်စီထုတ်အရက်ဘီယာများကို ရခိုင်တွင် အသုံးများနေခြင်းသည် တစ်ဖက်က သွယ်ဝိုက်ပြီး စစ်ကောင်စီကိုထောက်ပံ့ရာရောက်နေသဖြင့် အတတ်နိုင်ဆုံးမသုံးစွဲဖို့ လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။ (NN-8)
Photo by The JapanTimes