နိရဥ္စရာ၊ဒီဇင်ဘာ ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းကလှူဒါန်း
အဆိုပါဆန်အိတ်၅၇၀ ကို ဘူးသီးတောင်မြို့နယ်ရှိမူဆလင်ကျေးရွာ ၃ ရွာအတွက်ဟု အကြောင်းပြကာ မြို့နယ်ထွေအုပ်က တောင်းခံနေခြင်းဖြစ်သည်ဟု သိ၇သည်။
ယခုဆန်အိတ်များသည် စစ်ဘေးရှောင်များအတွက် ရည်ရွယ်ပြီးလှူဒါန်းသောဆန်အိတ်များဖြင့် စစ်ဘေးရှောင်မဟုတ်သူများကို ထောက်ပံ့ကူညီရန်မှာ မဖြစ်နိုင်ကြောင်း၊စစ်ဘေးရှောင်ဖြစ်ပါက လူမျိုးမရွေး ဘာသာမရွေး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆန်လှူဒါန်းနိုင်ရေးကူညီလုပ်ဆောင်ပေးနေသူ ဦးဝင်းအောင်က နိရဥ္စရာကို ပြောသည်။
"Camp စခန်းမရှိတဲ့၊လူမရှိတဲ့နေရာတွေမှာပါဖြန့်ဖို့
ယင်းကျေးရွာ၃ ရွာသည် စစ်ဘေးရှောင် စခန်းလည်းမဟုတ်သလိုစစ်ဘေးရှောင်များလည်း မဟုတ်သည့်အတွက်ပြန်လည်စိစစ်နိုင်ရန်ထောက်ပံ့မည့်အစီအစဥ်ကို ယာယီဆိုင်းငံ့ထား၇ခြင်းဖြစ်သည်
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက်နီပွန်ဖောင်းဒေးရှင်းက ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကိုလှူဒါန်းထားခြင်းဖြစ်ပြီး ယင်းအနက်ဘူးသီးတောင်မြို့နယ်အတွက်ဆန်အိတ်ပေါင်း ၁၁၁၅ အိတ်ကို ခွဲတမ်းရရှိထားခြင်းဖြစ်သည်။
အဆိုပါဆန်အိတ်၁ ထောင်ကျော်အနက် ၅၄၅ အိတ်ကိုဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်းစခန်းများအား ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်တွင် လှူဒါန်းနိုင်ခဲ့ပြီဖြစ်သော်လည်
ယခုကိစ္စနှင့်ပတ်သက်ပြီးဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေ
၇ခိုင်ပြည်နယ်အတွင်းစစ်တွေ၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့် မြို့နယ်(၉)မြို့နယ်ရှိ စစ်ဘေးရှောင် စခန်းများမှဒုက္ခသည်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းကဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ပြီးခဲ့သည့် မေလမှစတင်ပေးပို့လှူဒါန်းခဲ့ခြ
ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဆာဆာကာဝါ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေဆုံစဥ် နှုတ်ဖြင့် ကတိပေး လှူဒါန်းထားခဲ့ခြင်းဖြစ်
သို့ရာတွင်စစ်ကောင်စီဘက်က ၇ခိုင်တွင် တိုက်ပွဲများဖြစ်နေ၍ဟုအကြောင်း
ယင်းနောက်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတိုင်းမှူးက ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်တွင် ဆန်လှူဒါန်းခွင့်အားပြန်လည်ခွင့်ပြုပေးခဲ့သည့်အတွက် ယခုကဲ့သို့ လှူဒါန်းနေ၇ခြင်းဖြစ်သည်။
၆လအကြာမှ ယခုကဲ့သို့ လှူဒါန်းခွင့်ပေးလိုက်၍ ဆန်အချို့ ပျက်စီးမှုရှိသွားသည်ဟုလည်းဦးဝင်းအောင်က ပြောဆိုထားသည်။
လက်ရှိတွင်ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများ၌အစိုးရက ဆန်ပုံမှန်ထောက်ပံ့ခြင်းမရှိ၍စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအငတ်ဘေးနှင့် ရင်ဆိုင်နေ၇သည်ဟုလည်း စခန်းတာဝန်ခံများက ပြောကြသည်။
ဓာတ်ပုံ- နီပွန်ဖောင်ဒေးရှင်းကလှူဒါန်း
Photo - ဦးဝင်းအောင်