Preview

တာဝန်မှနုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်သော်လည်း အယုံအကြည်မရှိ၍ တစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟုဆို

ဒီဇင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7750
ရခိုင် သတင်း


နိရဥ္စရာ၊ ဒီဇင်ဘာ၇/၂၀၂၂

၇ခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်တွင်တာဝန်မှ နုတ်ထွက်ရန် စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကဆင့်ခေါ်ခဲ့သော်လည်း အယုံအကြည်မရှိတော့၍  တစ်ဦးတစ်ယောက်မှ သွားရောက်ခဲ့ခြင်းမရှဟုနုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

သူတို့ကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းဖြင့်ခေါ်ယူခဲ့သော်လည်းသွားရောက်ခဲ့ခြင်းမရှိခဲ့ဟု နုတ်ထွက်စာတင်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ကျနော်တို့ကတော့ ဘာမှမလိုချင်တော့တဲ့အတွက်နုတ်ထွက်ထားပြီးပြီလေ။ ပြီးတော့ သူတို့ကို အယုံအကြည်မရှိတော့ဘူး။သူတို့ ကျနော်တို့ကို ခေါ်လည်း ဘာမှမထူးတော့ဘူး။ ဒါကြောင့်သူတို့ခေါ်တဲ့ အစည်းအဝေးကိုလည်းမသွားခဲ့ဘူးဟုပြောသည်။

နုတ်ထွက်ထားသည့်နောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဆက်သွယ်မေးကြည့်ရာတွင်လည်း ယင်းနေ့ကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ မြို့ပေါ် ၄ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၄ ဦးသာတက်ရောက်ခဲ့ပြီး သူအပါအဝင်ကျန်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ခြင်းမရှိခဲ့ဟု ပြောသည်။


အဲဒီနေ့ကတက်ရောက်ခဲ့တဲ့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄ ယောက်ကိုတော့ ရပ်ကွက်မှာဘာတွေလိုအပ်လဲ ဘာညာနဲ့ မေးမြန်းခဲ့ရုံပဲ ပြောပါတယ်။ ကျန်တာတွေတော့ဘာမှမပြောဘူးလို့ သိ၇တယ်ဟုပြောသည်။


ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်အရပ်သားပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် စစ်တပ်နှင့် AAအကြားတွင်တာဝန်ထမ်းဆောင်ရသည်မှာ ကြားညှပ်နေသည်ဟု ခံစားရသည့်အတွက်ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍ဟုဆိုကာ ယခုကဲ့သို့ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်ဟုနုတ်ထွက်ထားသူများက ပြောသည်။

နုတ်ထွက်စာတင်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် သူတို့အသုံးပြုခဲ့သည့်တံဆိပ်တုံးများနှင့် စာရွက်စာတမ်းများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံနီးစပ်သူများမှတဆင့် ပေးပို့ထားပြီဟုလည်း သိ၇သည်။

ယခုခေါ်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီးပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၏သဘောထားကိုရယူနိုင်ရန်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇၀ ကျော်သည် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ကြခြင်းဖြစ်သည်

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.