Preview

စစ်ကောင်စီတပ်၏ ရှမ်းမြောက်ပိုင်း TNLA ထိုးစစ်ကို AAအပါအဝင် ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်နေ

ဒီဇင်ဘာ ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :7054
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ ၉/၂၀၂၂

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) ကိုကြည်းကြောင်း၊ လေကြောင်းတို့မှ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရက္ခိုင့်တပ်တော်(AA)နှင့်ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ 

အဲဒီTNLA နယ်မြေမှာ ရက္ခိုင့်တပ်တော်နဲ့ TNLAပူးပေါင်းတပ်ဖွဲ့တွေရှိတယ်။ ဒီတပ်ဖွဲ့တွေကို ဒီဇင်ဘာ ရ ရက် ညနေ ၃ နာရီကတည်းကစစ်ကောင်စီက လေယာဉ်တွေ ရဟတ်ယာဉ် အကူအညီတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ ဒါကြောင့်ရက္ခိုင့်တပ်တော်အေအေကလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ပြန်လည်ခုခံတိုက်နေတာဖြစ်ပါတယ်ဟုအေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာရ ရက် နေ့လယ် ၃ နာရီမှစကာ လေကြောင်းပစ်ကူများနှင့်ပါ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိဒီဇင်ဘာ (၉) ရက် နံနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောဆိုသည်။

"MI-35 တွေနဲ့ ရော ဂျက်တွေနဲ့ည်း TNLA ကို သူတို့ဆက်တိုက်ထိုးစစ်ဆင်နေတာတွေ ရှိတယ် ရက္ခိုင့်တပ်တော်ကလည်းညီနောင်မဟာမိတ်တွေဖြစ်တဲ့  တအာင်းတပ်မတော် TNLAပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်ပါတယ်ဟု ပြောသည်။ 

ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ရှမ်းမြောက်တအာင်းဒေသ  နမ့်ဆန်မြို့နယ်အတွင်းဖြစ်ပြီး မန်တုံနှင့်နမ့်ဆန်ရှိ စစ်စခန်းတပ်ကုန်းများက စစ်ကောင်စီက လေတပ်၊ ကြည်းတပ်နှစ်ဘက်ပေါင်းကာ  တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်းဒေသခံများက ပြောသည်။

တအာင်းဒေသနမ့်ဆန်မြို့နယ်အတွင်းရှိ တအာင်းတပ်မတော် (TNLA)ရဲ့ တပ်စခန်းကို မနေ့ ဒီဇင်ဘာ ရ ရက်နေ့လယ် ၂ နာရီကျော်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ရာကနေယမန်နေ့ နံနက်၁၀ နာရီအထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ည ၁၀နာရီဝန်းကျင်အထိ ဂျက်လေယာဥ် ၂ စီးနှင့် တူ မြေပြင်စစ်ကြောင်းပါထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ရွှေဖီမြေ သတင်းတွင်ဖော်ပြထားသည်။

TNLA တပ်စခန်းရှိတဲ့နေရာကို ဂျက်တိုက်လေယာဉ်၂ စီး၊  ၇ဟတ်ယာဥ် ၆ စီးနဲ့ လူအင်အား ရာနဲ့ချီ လာချခဲ့ပြီးနောက်တိုက်ပွဲတွေ စဖြစ်နေတာ ဖြစ်ပါတယ်ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီနှင့် ၇ခိုင်ပြည်နယ်တွင်နိုဝင်ဘာ ၂၆ ရက်နေ့က အလွတ်သဘော အပစ်ရပ်စဲထားသော်လည်း ညီနောင်မဟာမိတ်များရှိရာ နယ်မြေများတွင်စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များနှင့် လက်တွဲ တိုက်ခိုက်၍ ရှိနေကြောင်း ရက္ခိုင့်တပ်တော်ထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးကလည်း နိရဉ္စရာသတင်းဌာကို အတည်ပြု ပြောကြားသည်။

(ဓာတ်ပုံ- ရွှေဖီမြေ)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.