နိရဉ္စရာ၊ ဒီဇင်ဘာ ၉/၂၀၂၂
မြန်မာနိုင်ငံရှိ မြို့ (၆)ခုတွင် တည်ဆောက်မည့်လေအားလျှပ်စစ်စီမံကိန်းတွင်ပါဝင်သည့် ကျောက်ဖြူစီမံကိန်း အတွက် တရုတ်ကုမ္ပဏီတစ်ခုသည် ရခိုင်ပြည်နယ် စစ်ကောင်စီနှင်လာရောက်ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါလေအားလျှပ်စစ်စီမံကိန်းကို ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက်နှင့် ကပ္ပလီပင်လယ်အနောက်ဖက်ကမ်းရိုးတန်းတလျှောက်
အဆိုပါ လေအားလျှပ်စစ်စီမံကိန်းများအတွ
၇ခိုင်ပြည်နယ်စစ်ကောင်စီ၏လုပ်ဆောင်ချက်များကို ရံဖန်ရံခါ ထုတ်ပြန်နေသည့် သိကြားစေချင် ငွေသဇင် လူမှုကွန်ယက် စာမျက်နှာတွင် ဒီဇင်ဘာလ၅ရက်နေ့က''POWER CHINA COMPANY က၇ခိုင်ပြည်နယ်ကမ်းနီးကမ်းဝေး လေအားလျှပ်စစ် project ကိုမိတ်ဆက် တင်ပြလာပါတယ်။ ဖြစ်နိုင်
၇ခိုင်ပြည်နယ်သည် သဘာ၀သယံဇာတ ပေါကြွယ်၀ပြီး ကိုယ့်ပြည်နယ်ကထွက်သည့်သဘာ၀ သယံဇာတကို ကိုယ့်ပြည်နယ်သားများ ခံစားခွင့်မရဖြစ်နေပြီး ပြည်ထောင်စုအမည်အောက်တွင်ထွက်ရှိသမျှ သယံဇာတများကို ပြည်ထောင်စု အမည်ခံ အစိုးရက လိုအပ်သလို ထုတ်ယူရောင်းချနေသည်ဟုသဘာ၀ သယံဇာတအရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။
“ ၇ခိုင်မှာ သဘာ၀ဓာတ်ငွေ့တွေ အများကြီးထွက်တယ်လေ။ ဒီဂတ်စ်နဲ့နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းချဖို့တတ်ပြီး ဒီပြည်နယ်မှာ လျှပ်စစ်မီးရအောင်လုပ်ပေးဖို့ကျတော့ ဘာမှ မလုပ်ပေးဘူး။ ပြည်နယ်သားတွေအတွက် ထွက်တဲ့ ဂတ်စ်နဲ့ လျှပ်စစ်မီးရအောင် လုပ်ပေးသင့်တယ်။အခု လေအားလျှပ်စစ်ထုတ်မယ်လို့ ပြောလာတယ်။ တကယ်စေတနာရှိရင် ရခိုင်က ထွက်တဲ့ဂတ်စ်နဲ့ရခိုင်မှာ လျှပ်စစ်မီး အရင်လင်းအောင် လုပ်ပေးပါအုံး” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီအောက်တွင် ရခိုင်ပြည်နယ်သည် လျှပ်စစ်မီးအနိမ့်ဆုံး အသုံးပြုနေ၇သည့် ဒေသဖြစ်နေပြီး တစ်နေ့ကို (၅) နာရီပြည့်အောင်ပင် မရရှိဟုစစ်တွေဒေသခံတစ်ဦးက ပြောသည်။
“ အခုကတစ်နေ့ ၅ နာရီတောင် လျှပ်စစ်မီးမလာဘူး။ လျှပ်စစ်မီးပြတ်ချိန်၊ ရမယ့် အချိန်ဆိုပြီးအချိန်ဇယားထွက်နေပေမယ့် ဖြတ်ချင်တဲ့ အချိန်ဖြတ်တယ်။ ပေးချင်တဲ့ အချိန်ပေးတယ်။ လူတိုင်းဒုက္ခဖြစ်နေကြတယ်။ ၇ခိုင်ကတော့ အဆိုးဆုံးပဲလို့ ထင်ပါတယ်”ဟုပြောသည်။
အဆိုပါစီမံကိန်းများအတွက်မြန်မာ့ ကမ်းရိုးတန်း အရှည် ၂၈၃၂ ကီလိုမီတာပါဝင်ပြီးမြေဧရိယာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာ လျာထားကြောင်းသိ၇သည်။
(NN-16)
(ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်)