Preview

ကျောက်တော်မဟာမုနိဘုရားတွင် စစ်ကောင်စီတပ်က ဆက်လက်နေရာယူထား၍ ဘုရားဖူးများမလာရဲသဖြင့် ဘုရားပရိဝုဏ်အတွင်းရှိ စစ်တပ်ကို ပြောင်းရွှေ့ရန် ဒေသခံပြည်သူများလိုလား

ဒီဇင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :6717
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၁/၂၀၂၂

ရခိုင်အမျိုးသားများ အထွဋ်အမြတ်ထားရာ ကျောက်တော်မြို့ မဟာမုနိဘုရားတွင် အပစ်ရပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီတပ် ဆက်လက်နေရာယူထား၍ဘုရားဖူးများ မလာရဲသဖြင့် ဘုရားပရိဝုဏ်အတွင်း စခန်းချထားနေထိုင်သော စစ်တပ်ကို ပြောင်းရွှေ့ရန် ဒေသခံပြည်သူများလိုလားနေကြောင်း သတင်းရရှိသည်။  

အနီးအနား ကျေးရွာတစ်ခုမှ ဒေသခံလူကြီးတစ်ဦးက   ဒီဇင်ဘာ၊ ရခိုင်လို နတ်တော်လတို့ ဆိုက ဘုရားဖူးတွေ အများအပြားလာကြတဲ့လပါ။ ခါတိုင်းနှစ်တွေကဆိုရင် ဒီအချိန်ဆို ဘုရားဖူးတွေ အများအပြားလာကြတယ်။ အခုက တိုက်ပွဲလည်းရပ်သွားပြီဖြစ်ပေမယ့် ဘုရားကို လူတွေ မလာရဲကြဘူး။ စစ်သားတွေက စစ်လားဆေးလားလုပ်မှာနဲ့ဖုန်းတွေကို စစ်ဆေးမှာကို ကြောက်ကြတယ်။ လူတွေ စိတ်အေးချမ်းသာနဲ့ ဘုရားဖူးနိုင်အောင်စစ်တပ်ကို တစ်ခြားနေရာကို ရွှေ့ပေးရင် ကောင်းမယ်လို့ ထင်ပါတယ်ဟု ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ၇က်က အေအေနှင့် စစ်ကောင်စီတပ်တို့  နှစ်ဖက် အလွတ်သဘော အပစ်ရပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီကပိတ်ဆို့ထားသည့် ကုန်းလမ်း၊ရေလမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း ကျောက်တော်မဟာမုနိဘုရားတွင် စစ်တပ်က ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း သိရှိ၇သည်။

ကျောက်တော်မြို့နယ်ရှိမဟာမြတ်မုနိဘုရားမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက "အပစ်အခတ် ရပ်စဲလိုက်ပြီးတဲ့ ည်းနည်းပါးပါးတော့ ဘုရားဖူးရောက်ကြတယ်။ အဝေးက လာရောက်ကြတဲ့  မဟုတ်ဘူး။ အနီးအနားသူတွေပဲ လာကြ၊သွားကြတာပါ။ အရင်နှစ်ကအခြေအနေနဲ့ လုံး၀မတူတော့ဘူး။အရင်နှစ်ကဒီအချိန်ဆိုရင် အရမ်းစည်နေပြီဟု ပြောဆိုသည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်သားများက နေရာတိုင်းသွားလာလှုပ်ရှားမှုများ ရှိနေ၍ လူထုအကြားတွင် စိတ်ပိုင်းဆိုင် မလုံခြုံသလို ခံစားနေကြရသည့်အပြင် အများပြည်သူများမှာ စီးပွားရေး အဆင်မပြေကြဟု သိ၇သည်။

ကျောက်တော်ဒေသခံတစ်ဦးက အပစ်ရတယ်လို့ ပြောပေမယ့် နေရာတိုင်းမျာ စစ်သားတွေ သွားလာလှုပ်ရှားမှုရှိကြတယ်။မဟာမုနိဘုရားအပါအဝင် နာမည်ကြီးဘုရားတွေရှိတဲ့ တောင်ပေါ်တွေမှာလည်း ဆက်လက်နေရာယူထားကြတော့လူတွေက အခုထိ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့  စိုးရိမ်မှုတွေရှိနေကြတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေ စီးပွားရေကျပ်တော့  ငွေရေးအခက်အခဲတွေလည်းရှိကြတယ်။  အလုပ်အကိုင်တွေကလည်း အဆင်မပြေတော့လေ။ ဘုရားဖူးတွေကမရောက်သလောက်ပါပဲ။ဘုရားမှာဈေးရောင်းတဲ့သူတွေလည်း စားဝတ်နေရေးအခက်အခဲသိပ်ဖြစ်ကြပါတယ်" နိရဉ္စရာသို့ပြောသည်။

လက်ရှိရခိုင်တွင်အပစ်ရပ်ထားသော်လည်း လမ်းခရီးတစ်လျှောက် စ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များ ပြုလုပ်ပြီး စစ်ဆေးမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပြည်သူများမှာ ဘုရားဖူးခရီး၊အပျော်ခရီးတို့ကို မသွားဝံ့ကြသေးဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီအနေနဲ့လုံခြုံရေး အကြောင်းပြချက်နဲ့  အများပြည်သူတွေ လာရောက်ဖူးကြတဲ့ ဘုရားတွေမှာ နေရာယူထားတာတွေကိုတော့ရုတ်သိမ်းသင့်ပါပြီ။ အခုက အပစ်လည်း ရပ်ထားပါပြီ။ တစ်ခြားနေရာယူလို့ရတဲ့နေရာတွေအများကြီးပါ။  ပြည်သူတွေကို  အထိတ်တလန့်ဖြစ်အောင်ဘုရားတွေမှာတော့ နေရာမယူသင့်တော့ပါဟု ပြောကြားသည်။

သမိုင်းဝင်တန်ခိုးကြီး မဟာမုနိဘုရားသည် ကျောက်တော်မြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး  ၎င်းကုန်းတော်ပေါ်ရှိ  မဟာရုပ်ရှင်တော်မြတ်ကို၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့သည့်  ဗမာဘုရင်တပ်များက မန္တလေးအမရပူ၇သို့ပင့်ဆောင် ယူသွားခဲ့သည်။

လက်ရှိတွင် မဟာမုနိကုန်းတော်ပေါ်တွင် အလွန်သပ္ပါယ်သည့်  ရှေးဟောင်းဘုရား တစ်ဆူစံပယ်တော်မူနေပြီး တန်ခိုးကြီးသဖြင့်ပြည်သူများ ယခုကဲ့သို့ ဘုရာဖူးရာသီတွင် နေ့ညမပြတ် လာရောက်ဖူးမျှော်ကြသော်လည်း လက်ရှိအဆိုပါဘုရားပရိဝုဏ်အတွင်း စစ်ကောင်စီတပ်သားများ စခန်းချနေရာယူထားသဖြင့် ဘုရားဖူးသူများမလာရဲကြဘဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.