နိရဉ္စရာ၊ဒီဇင်ဘာ ၁၂/ ၂၀၂၂
၇ခိုင်သမိုင်းဝင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသုတေသနဌာနပြတိုက်တွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်း အမွေအနှစ်ရုပ်တုများနှင့်ရှေးဟောင်းကျောက်စာချပ်များ၏ စာရင်းများကို ပြန်လည်စိစစ်ခြင်း၊ မှတ်တမ်းတင်ခြင်းများကိုများမကြာမီက ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
မြောက်ဦးယဥ်ကျေးမှုမမွေအနှစ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက"မြောက်ဦး ပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းတွေကတစ်ဆင့်တစ်ဆင့်နဲ့စာနဲ့ ပြန်ကူးလာတာဖြစ်တယ်။ ဒီတော့တစ်ချို့နေရာတွေမှာ ရုပ်တု၊ ကျောက်စာတွေ ပိုနေတယ်။တချို့မှာ လိုနေတာတွေရှိတယ်။တစ်ချို့နေရာတွေမှာပြထားတဲ့ ရုပ်တုနဲ့ ရေးထားတဲ့စာက မှားယွင်းနေတယ်။အဲ့ဒါတွေကိုစိစစ်ပြီးတော့ စာရင်းတွေကိုစနစ်တကျဖြစ်အောင်ရှေ့ကပြတိုက်စာရင်းတွေအားလုံးနဲ့ တိုက်ပြီးတော့စိစစ်စစ်ဆေးခဲ့တာပါ"ဟု ပြောသည်။
ထိုသို့ စိစစ်စာရင်းပြုစုမှတ်တမ်းတင်မှုကို ယခုဒီဇင်ဘာလ၅ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ(၆)ရက်တိုင်တိုင်ပြုစုခဲ့သည်ဟု သိ၇သည်။
လက်ရှိတွင်ပြတိုက်တွင်ပြသထားသည့်ရှေးဟောင်း အမွေအနှစ် ပစ္စည်းအမျိုးအစားများကို စိစစ်စစ်ဆေးစာရင်းပြုစုပြီး ပြသထားသည့်အမွေအနှစ်များကိုလည်း အခန်းကဏ္ဍအလိုက် ဘုရားဆင်းတုတော်အခန်း၊ ရှေးဟောင်းကျောက်စာ အခန်း၊လူမှုအသုံးအဆောင်အခန်းစသဖြင့်ကဏ္ဍအလိုက်ပြသထားသည်ဟု သိ၇သည်။
"ပစ္စည်းအမျိုးအစားပေါင်းကတော့များတယ်။ မှတ်မ၇တော့ဘူး။စာအုပ်ကြည့်ပြီးမှ သေချာပြော၇မယ်။ဒါပေမဲ့အခုက စာရင်းပြုစု၊ မှတ်တမ်းနေဆဲဖြစ်လို့လောလောဆယ်မှာတော့ စာအုပ်ကြည့်ဖို့လည်းမဖြစ်နိုင်သေးဘူး။ ရှေ့ဟောင်းသုတေသနဌာနက ခွင့်ပြုချက်လည်း ပါဦးမှပါ။ပစ္စည်းတွေတော့သူ့အခန်းကဏ္ဍနဲ့သူ၊ ပြသာထားရုပ်တုနဲ့ ကျောက်စာအောက်တွေမှာကို ညွှန်းတဲ့စာတွေကိုလည်းစနစ်ကျဖြစ်အောင်တော့ စီစဉ်ဆောင်ရွက်ထားပါတယ် " ဟု ပြောသည်။
ယင်းအပြင် မြောက်ဦးပြတိုက်တွင်ပြသထားသည့်ပစ္စည်းများမှ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊မြောက်ဦးခေတ်စသည့် ခေတ်လေးခေတ်အပြင် ခေတ်ပေါင်းစုံမှ ရှေ့ဟောင်း ပစ္စည်းများကို ပြသထားခြင်းဖြစ်ပြီးအဆိုပါပစ္စည်းများ၏ သမိုင်းတန်ဖိုး အလွန်ကြီးမားလှသည်ဟု သိ၇သည်။
"ပစ္စည်းတွေကအဖိုးအရမ်းတန်တယ်။ ရခိုင်လူမျိုးတွေရဲ့ ခေတ်လေးခေတ်ဖြစ်တဲ့ ဓည၀တီခေတ်၊ဝေသာလီခေတ်၊ လေးမြို့ခေတ်၊မြောက်ဦးခေတ်စတဲ့ခေတ်ပေါင်းစုံ ခေတ်အဆက်ဆက်က ပစ္စည်းတွေမို့သမိုင်းတန်ဖိုး အရမ်းကြီးတယ်။ မြင့်မားလွန်းတယ်။အရေးပါတဲ့ ၇ခိုင့်အမျိုးသား အမွေအနှစ်တွေဖြစ်တယ်"ဟု ဥက္ကဋ္ဌဒေါ်ခင်သန်းက ဆက်လက် ပြောဆိုသည်။
ပြတိုက်တွင်ပြသထားသည့်ရှေ့ဟောင်းပစ္စည်းများကိုလက်ရှိတွင်မြောက်ဦး၊ ရှေ့ဟောင်းသု
တေသနဌာနမှမှတ်တမ်းမှတ်ရာများဖြင့် သေချာထိန်းသိမ်းလျှက်ရှိပြီး ယခုစာရင်းပြုစု စစ်ဆေးနေခြင်းကို မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှလည်းပူးပေါင်ကူညီဆောင်ရွက်လျှက်ရှိသည်ဟုသိ၇သည်။
မြောက်ဦးပြတိုက်တွင်ပြသထားသည့် ရှေ့ဟောင်းပစ္စည်းအမျိုးအစားပေါင်းစာရင်းကိုသိရှိနိုင်ရန်အတွက်နိရဉ္စရာသတင်းဌာနမှ မြောက်ဦး၊ ရှေ့ဟောင်းသုတေသနဌာန၏ ညွန်ကြားရေးမှူးဦးကြည်ခင်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားသေးဟုဆိုကာပြန်လည်ဖြေဆိုပြောကြားခဲ့ခြင်းမရှိပါ။(NN-12)
ဓာတ်ပုံ- Daw Khin Thain(Facebook)
----------