နိရဉ္စရာ၊ဒီဇင်ဘာ ၁၂/၂၀၂၂
ယနေ့ နံနက်က ဘူးသီးတောင်မြို့မှထွက်ခွာလာသည့် ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဉ်နှင့်စစ်ကောင်စီစစ်ရေယာဉ်တစ်စီးတို့သည် မေယုမြစ်အတွင်း မတော်တဆတိုက်မိရာမှခရီးသည် ၃ ဦး အနည်းငယ်စီ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာလ၁၂ ရက်၊ နံနက် ရ နာရီကျော်ခန့်က ဘူးသီးတောင်မြို့မှ ထွက်ခွာလာသည့် ရွှေပြည်တန်အမြန် ရေယာဉ်သည် ရွက်ညိုးတောင်ကျေးရွာအနီးတွင်စစ်ရေယာဉ်နှင့် ပွတ်တိုက်မိခဲ့ကြောင်း၊ နှင်းများဖုံလွှမ်းနေသဖြင့် တစ်စီးကို တစ်စီးမမြင်၇သဖြင့် ပွတ်တိုက်မိခြင်းဖြစ်ကြောင်းရွှေပြည်တန်ပေါ်တွင်ပါလာသည့် ခရီးသည် တစ်ဦးက ပြောသည်။
“ တိုက်မိတာက နှင်းတွေထူထပ်နေတဲ့ အတွက် မမြင်၇လို့ တိုက်မိတာ။ ဘူးသီးတောင်မြို့ကနေ မေယုမြစ်အတိုင်း ရွှေပြည်တန်က မနက် ရ နာရီကျော်ခန့်က ထွက်လာတာ။ နာရီဝက် မကြာဘူးတိုက်မိတာ။ ဒီရေကကျနေတော့ နှစ်စင်းစလုံးက အပြိုင်ဆင်းကြရာမှာ ပွတ်တိုက်တာပါ။ငြိသွားတာပေါ့။ မျက်နာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ၎င်းကပြောသည်။ထိခိုက် ဒဏ်ရာ၇သူ သုံးဦးတွင် ပင်စင်သွားထုတ်သည့်အသက်(၇၀) ကျော်အရွယ် အဘွားတစ်ဦး ပါဝင်ပြီး ကျန် နှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတို့ ဖြစ်ကြောင်းသိ၇သည်။တစ်ခြား ရွှေပြည်တန်ပေါ်ပါလာသူ တစ်ဦးက "ပင်စင်သွားယူတဲ့ အဒေါ်ကတော့ နည်းနည်း ထိမိသွားပါတယ်။ ဒါပေမယ့် အခြားနှစ်ယောက်လောက်တော့ မပြင်းဘူး။ နောက်နှစ်ယောက်က နည်းနည်း ပိုထိသွားပါတယ်။ ဒုန်းခနဲဆိုပြီးအသံ တစ်ခုကြား လို
ယင်းခရီးသည်သုံးဦးစလုံးကိုဒဏ်ရာရပြီးချက်ချင်း ဘူးသီးတောင်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဆေးကုသမှုခံယူခဲ့ကြောင်း သိ၇သည်။ (NN-8